ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ကို ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ကို ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြကြပြီ


ဇူလိုင် - ၂၁ ( အင်္ဂါနေ့ ) 

ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်ရေးစွမ်းရည် တိုးမြှင့်ဖို့ ဝန်ကြီးချုပ် ဆာနာအီ ကာတာအီချီ ရဲ့ အစီအစဉ်တွေကို ကန့်ကွက်ဖို့အတွက် တိုကျိုမြို့မှာရှိတဲ့ ဂျပန်ပါလီမန် အပြင်ဘက်မှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။

တက်ရောက်သူ ၂၅,၀၀၀ နီးပါးရှိတယ်လို့ သတင်းရရှိပြီး အဲဒီဆန္ဒပြသူတွေက ဝန်ကြီးချုပ် တာကာအီချီ ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြသလို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့၊ လက်နက်တင်ပို့မှု ကန့်သတ်ချက်တွေကို လျှော့ချဖို့နဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေကို ထိခိုက်စေနိုင်တယ်လို့ သူတို့ယူဆထားတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ အစီအစဉ်တွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

ပွဲစီစဉ်သူတွေရဲ့ အဆိုအရ ဒီဆန္ဒပြပွဲဟာ တိုကျိုမြို့မှာ မေလတုန်းကဆန္ဒပြခဲ့ကြတဲ့ လူပေါင်း ၅၀,၀၀၀၊ ဇွန်လ ၁၉ ရက်နေ့က ၂၆,၀၀၀ နဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ၂၇,၀၀၀ ခန့် တက်ရောက်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဆန္ဒပြပွဲတွေရဲ့ အဓိကဇာတ်အိမ်ကတော့ နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ စစ်မီးမွှေးတာနဲ့ အင်အားသုံးတာကို စွန့်လွှတ်ထားတဲ့ ပုဒ်မ ၉ ကို ပြင်ဆင်ဖို့ တာကာအီချီ ရဲ့ အဆိုပြုချက်ပေါ်မှာ ဗဟိုပြုနေတာပါ။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကတော့ တိုင်းပြည်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို တရားဝင် အသိအမှတ်ပြုကြောင်း အပိုဒ်ခွဲတစ်ခု ထည့်သွင်းချင်နေပြီး၊ တရုတ်နဲ့ မြောက်ကိုရီးယားဆီက လာနေတဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လိုအပ်တယ်လို့ တာကာအီချီ က အခိုင်အမာပြောဆိုထားတာကို အရေးယူဆောင်ရွက်ချက်တွေအား လွှတ်တော်က ခွင့်ပြုပေးချင်နေတာနဲ့ ဆိုင်နေပါတယ်။  

ဒီလို အပြောင်းအလဲလုပ်တာဟာ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေအပေါ်  ထိန်းချုပ်ကန့်သတ်ထားတာတွေကို အားနည်းသွားစေနိုင်ပြီး၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ပုံမှန်စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲသွားစေကာ တိုကျိုအနေနဲ့ ပြည်ပပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ဖို့ ပိုလွယ်ကူသွားစေနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုကြပါတယ်။

တာကာအီချီ ရဲ့ အစိုးရဟာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို GDP ရဲ့ ၂ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်ထားပြီး ဖြစ်ပါတယ်။ ၂ဝ၂၆ ကာကွယ်ရေးဘတ်ဂျက်မှာ တာဝေးပစ် မစ်ဆိုင်းများ၊ ဒရုန်းများ၊ ခဲယမ်းမီးကျောက်များ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ကြံ့ခိုင်ရေးနဲ့ အခြားစီမံကိန်းတွေအတွက် ယန်း ၈.၈ ထရီလီယံ (ဒေါ်လာ ၅၅ ဘီလီယံ) ခန့် လျာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အစိုးရအနေနဲ့ သေစေနိုင်တဲ့ လက်နက် တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချပေးခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)