ပခုက္ကူ-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရေစကြို PDF စခန်းကို ရှင်းလင်း၊ PDF အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခြင်း မရှိဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူ-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရေစကြို PDF စခန်းကို ရှင်းလင်း၊ PDF အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခြင်း မရှိဟုဆို




ရေစကြို၊ ဇူလိုင် ၂၁

ပခုက္ကူ-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးသွားတဲ့  ရေစကြို PDF အကြမ်းဖက်အဖွဲ့၏ တပ်စခန်းကို ယမန်နေ့က တပ်မတော်က လေကြောင်းမှ ချေမှုန်းရှင်းလင်းခဲ့ကြောင်း၊ အကြမ်းဖက်သမားတစ်ဦး က ပြည်ဖျက်မီဒီယာနှင့် ဆက်သွယ်ပြောဆိုထားရာတွင် PDF အကြမ်းဖက်သမားများ အထိအခိုက်မရှိဟု ဆိုသည်။

မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခံရမှုအခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ရာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းတိုင်အမှတ်(၃၃၈)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့ရကြောင်း၊ ယင်းဓာတ်အားလိုင်းဖျက်ဆီးခံရမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေး ကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှုကိုပါ ထိခိုက်ခဲ့ရပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့၊ ရွာများတွင်ပါ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် တာဝါတိုင် ၃၃၈ နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများသွားရောက်၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီးလျှပ်စစ်ဝန်ထမ်းများက အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေး ကြိုးပမ်းပြင်ဆင်ရန် ဆောင်ရွက်ရာတွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက နှောင့်ယှက်တိုက်ခိုက်ခြင်း၊ လမ်းတစ်လျှောက် မိုင်းထောင်ထားခြင်းတို့ကြောင့် အချို့သောဝန်ထမ်းများသေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများလည်းဖြစ်ပေါ်လျက် လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဆုံးရှုံးစေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပခုက္ကူ-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရေစကြို PDF စခန်းကို ရှင်းလင်းဆောင်ရွက်ရာတွင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်သမား တစ်ဦးက ပြည်ဖျက်မီဒီယာသို့ ဆက်သွယ်ပြောဆိုထားရာတွင်  ပစ်ခတ်တိုက်ခိုက်မှုကြောင့် PDF အကြမ်းဖက်သမားများ အထိအခိုက်မရှိသော်လည်း ကား ၂ စီး၊ ဆိုင်ကယ် ၂ စီး၊ လက်နက်ငယ် ၆ လက်၊ ရုံးသုံးကွန်ပျူတာ၊ လက်ပစ်ဗုံး အလုံး ၂၀ ၊ ကျည် မျိုးစုံ ၅၀၀၀ ခန့်နှင့် အီကွေ့မန့် ၇ စုံ ဆုံးရှုံးခဲ့ကြောင်း ပြောဆိုထားသည်။

PDF အကြမ်းဖက်သမားက “သတင်း အတိအကျနဲ့ကို လာပစ်တာပါ၊ စခန်းနဲ့ ရင်းနီးတဲ့သူတစ်ဦးဦးက အတိအကျ သတင်းပေး တာလို့ ယူဆပါတယ်။ လက်ရှိကတော့ အခက်အခဲတွေအများကြီး ကြုံတွေ့သွားရတာပေါ့၊” ဟု ပြည်ဖျက်မီဒီယာနှင့် ဆက်သွယ်ပြောဆိုထားသည်ကို တွေ့ရသည်။


#News #MNP


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)