ပူတင်ကို လုပ်ကြံဖို့ပြောတဲ့ အမေရိကန်နာမည်ကြီးဆီနိတ်တာ ယူကရိန်းက ပြန်လာပြီးနောက် ကွယ်လွန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင်ကို လုပ်ကြံဖို့ပြောတဲ့ အမေရိကန်နာမည်ကြီးဆီနိတ်တာ ယူကရိန်းက ပြန်လာပြီးနောက် ကွယ်လွန်


ဇူလိုင်- ၁၃ ( တနင်္လာနေ့ ) 

အမေရိကန် တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်  ဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ တရားဝင် အိတ်စ် (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာအကောင့်အရ သိရပါတယ်။   

ဆီနိတ်တာရဲ့ ရုံးခန်းကနေ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဂရေဟမ်ဟာ “ခေတ္တခဏအတွင်း မှာပဲ ရုတ်တရက် ဖျားနာမှု” ကြောင့် စနေနေ့ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ “အခုလို အလွန်ခက်ခဲနေတဲ့ အချိန်ကာလအတွင်းမှာ ဆီနိတ်တာ ဂရေဟမ်ရဲ့ မိသားစုအတွက် ဆုတောင်းပေးကြတာကို ကျေးဇူးတင်ရှိပြီး၊ မိသားစုရဲ့ သီးသန့်နေထိုင်ခွင့်ကိုလည်း လေးစားပေးဖို့ တောင်းဆိုပါတယ်” လို့ ထပ်လောင်း ဖော်ပြထားပါတယ်။

စနေနေ့ညက လွှတ်တော်ဝန်းအတွင်းမှာရှိတဲ့ ဂရေဟမ်ရဲ့ နေအိမ်မှာ “နှလုံးရပ်တန့်မှု” ဖြစ်ပွားလို့ အကူအညီ တောင်းတဲ့ ဖုန်းခေါ်ဆိုမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဝေဟင်လှိုင်း အသံဖိုင်ကို ရရှိခဲ့တဲ့ NBC သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် ဆေးဘက်ဝန်ထမ်းတွေက အမတ်ရဲ့နေအိမ်ထဲကနေ လူနာတင်ကားပေါ်ကို လူနာထမ်းစင်နဲ့ လူတစ်ယောက်ကို သယ်ဆောင်သွားတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ အဲဒီသတင်းဌာနက ပြောကြားခဲ့ပါတယ်။

ဂရေဟမ် ကွယ်လွန်သွားတာဟာ သောကြာနေ့တုန်းက ကိဗ်မြို့မှာ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းစကီး  နဲ့ တွေ့ဆုံပြီးနောက်၊ သူ အမေရိကန်ကို ပြန်ရောက်ပြီး တစ်ရက်အကြာမှာပဲ ဖြစ်ပွားခဲ့တာပါ။ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို အခိုင်အမာ ထောက်ခံအားပေးပြီး ရုရှားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဒီဥပဒေပြုအမတ်ဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ ယူကရိန်းမြို့တော် ကိဗ်ကို အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း သွားရောက်ခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ မဟာမိတ်ဖြစ်သူ ကွယ်လွန်သွားတဲ့အပေါ် တုံ့ပြန်စကားဆိုခဲ့ပြီး၊ ဂရေဟမ်ကို “အလွန်ပဲ သတိရတမ်းတနေမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ထရမ့် က သူ့ရဲ့ ထရု့သ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာပေါ်က ပို့စ်တစ်ခုမှာ ဆီနိတ်တာ ဂရေဟမ်ကို “ကျနော် သိခဲ့ဖူးသမျှထဲမှာ အတော်ဆုံး လူသားတွေနဲ့ အတော်ဆုံး အထက်လွှတ်တော်အမတ်တွေထဲက တစ်ယောက်ပါ၊ သူဟာ အမြဲတမ်း အလုပ်လုပ်နေတတ်သူဖြစ်ပြီး၊ စစ်မှန်တဲ့ အမေရိကန် မျိုးချစ်တစ်ယောက်လည်း ဖြစ်ပါတယ်” လို့ ဖော်ပြပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။   

ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း အိတ်စ် ပေါ်က ပို့စ်တစ်ခုမှာ ဂရေဟမ် ကွယ်လွန်သွားတဲ့အတွက် “အလွန်အမင်း စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ဂရေဟမ်ကို “ယူကရိန်းအတွက် (အမေရိကန် လွှတ်တော်တွင်း) ပါတီစုံ ညှိနှိုင်းပူးပေါင်းပြီး အခိုင်အမာ ထောက်ခံအားပေးခဲ့သူတစ်ယောက်” လို့လည်း အမွှန်းတင် ပြောကြားခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ အထက်လွှတ်တော်အမတ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရတဲ့ ဂရေဟမ်ဟာ ဝါရှင်တန်နိုင်ငံရေးလောကမှာ အထင်ရှားဆုံးသော “စစ်လိုလားသူ” တစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့သူပါ။

သူဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ပြောင်ပြောင်တင်းတင်း လူသိရှင်ကြား တောင်းဆိုခဲ့ဖူးတာကြောင့်လည်း လူပြောများခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)