ဗန်ကောက်၊ ဇူလိုင် ၁၃
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် ၁၇၁၀ နာရီတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကာလ ရှည်ကြာ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် အပြန် အလှန်ကူညီပံ့ပိုးခဲ့မှုတို့ကို အခြေခံသည့် ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့ ၁၅၀၀ နာရီအချိန်တွင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့်လည်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စများနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment