မြစ်ကြီးနား၊ ဇူလိုင် ၁၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ၁၁-၇-၂၀၂၆ ရက်နေ့က မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်း “အိလေး” စားသောက်ကုန်လုပ်ငန်း၌ အသင့်စား စားသောက်ကုန်လုပ်ငန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးဝက်များ တိုးချဲ့မွေးမြူထားရှိမှုနှင့် ငါးကန်တူးဖော်၍ ငါးသားပေါက်များ မွေးမြူဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု လေသာကုန်းကျေးရွာအတွင်း “တိုးပွားအောင်”မွေးမြူရေးခြံ၌ DY အမျိုးအစား အသားတိုးဝက်ကောင်ရေ ၂၅၀ မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုသည်။
ယင်းနောက် နမ္မကျေးရွာ ကွင်းအမှတ် (၁၄၆)အတွင်း မျိုးစေ့ချကိရိယာ၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူများအတွက် မျိုးစေ့ချကိရိယာများ၊ ယူရီးယားဓာတ်မြေဩဇာအိတ်များ၊ ဆောင်းသီးထပ် လယ်သီးနှံစိုက်ပျိုးနိုင်ရေး ပဲပုပ်မျိုးစေ့များ၊ ရွက်ဖျန်း မြေဩဇာအိတ်များနှင့် မျိုးစေ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment