အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ ခုတင် -၂၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ၁၁-၇-၂၀၂၆ရက်နေ့က ဆေးရုံ အဆောက်အအုံနှင့်  ဆေးရုံဝင်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး  တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားသည်။

ဖလမ်းမြို့  ပြည်သူ့ဆေးရုံကြီးသည် ၂၀၀၈ ခုနှစ် ဇူလိုင်လကစတင်၍ ခုတင်-၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပြီး ချင်းပြည်နယ်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

ထို့နောက် ဖလမ်းမြို့ ဗလိုင်ရပ်ကွက်နှင့် ဖါရ်ထောက်ရပ်ကွက်တို့ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဒေသခံများ၏နေအိမ်များကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းပြင်ဆင်ပေးနေမှုကို ကြည့်ရှုပြီး သွပ်နှင့်သွပ်ရိုက်သံများကို ထောက်ပံ့ပေးအပ်သည်။

ထိုသို့သွားရောက်ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေးအလိုက် ထောက်ပံ့ပေးအပ်မည့်ပစ္စည်းများ မြေပြင်နှင့်ကွဲလွဲမှုမရှိစေရေး၊ ထောက်ပံ့ရေးပစ္စည်းများ အလေအလွင့်မရှိစေရေးများနှင့် အမှန်တကယ်ထောက်ပံ့ရန်လိုအပ်သည့် ဒေသခံပြည်သူများ မကျန်ရှိစေရေးတို့ကို စီမံဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)