အမေရိကန်၏ “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို အီရန် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်၏ “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို အီရန် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ


တီဟီရန်၊ ဇူလိုင် ၁၃

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်က အီရန်အပေါ် “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

အဆိုပါ မိုက်ရူးရဲဆန်သည့် တိုက်ခိုက်မှုများသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ပါ သက်ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်နေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ဆိုးရွားစွာ ခြိမ်းခြောက်နေကာ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဒေသတွင်းတင်းမာမှုအခြေအနေ အရှိန်ပြေလျော့စေရန်၊ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းမှုအားလုံး သဲထဲရေသွန်ဖြစ်စေခဲ့ကြောင်း ကြေညာချက်ကဖော်ပြထားသည်။

အီရန်နှင့် အမေရိကန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်မှာ ၂၅ ရက်ကြာသာ ရှိသေးချိန်တွင် အမေရိကန်က နားလည်မှုစာချွန်လွှာပါ အကြောင်းအရာအားလုံးနီးပါးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း၊ အမေရိကန်သည် အီရန်၏ ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အဦ၊ သင်္ဘော၊ မိုးလေဝသ အဆောက်အဦ စသည်တို့ကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အီရန်က ဟော်မုဇ်ရေလက်ကြား၌ လိုအပ်သော စီမံခန့်ခွဲမှု အစီအစဉ်များ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ကို အမေရိကန်က နှောင့်ယှက်မှုကြောင့် ရေလက်ကြား လုံခြုံရေးအခြေအနေ ထပ်မံဆိုးရွားလာသလို နိုင်ငံတကာ စီးပွားရေး ရေကြောင်းပို့ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန်အနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မြဲစွာ ကာကွယ်ပြီး အမေရိကန်နှင့် အခြားသော ကျူးကျော်သူများ၏ စစ်ရေးကျူးကျော်မှုကို ခုခံသွားမည်ဟု အလေးထားပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အီရန်ကိုဦးတည်သည့် တိုက်ခိုက်မှုမှန်သမျှ၏ အရင်းအမြစ်နေရာသည် အီရန်လက်နက်ကိုင်အင်အားက ကာကွယ်မှုအသွင် တိုက်ခိုက်မှု လုပ်ဆောင်သည့် တရားဝင်ပစ်မှတ်ဖြစ်လာမည်ဖြစ်သည်ဟု အီရန်က ကျူးကျော်သူ၏ လှုပ်ရှားမှုများတွင် ပါဝင်မှု သို့မဟုတ် တွဲဖက်လုပ်ဆောင်သော လုပ်ဆောင်မှုမှန်သမျှအပေါ် သတိပေးလိုက်သည်။ 


Ref -(Xinhua)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)