ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို တင်ပို့သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းသို့ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို တင်ပို့သွားမည်







ပုသိမ်၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စ နှင့်စပ်လျဉ်းပြီး ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊  မြန်မာနိုင်ငံရှိ Green Rise Company Limited နှင့် အိန္ဒိယနိုင်ငံရှိ Super Power Trading Company Private Limited တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော မတ်ပဲ(Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင်(Gravity Cleaned) ပြုလုပ်ပြီး ထွက်ရှိသော Black Matpe(SQ, FAQ)များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချခြင်းနှင့် ငါးအစာကုန်ကြမ်းဖြစ်သော ပဲပုတ်ဖက်(Soybean Meal) များကို တင်သွင်းပြီး ငါးအစာတောင့်များ ထုတ်လုပ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေး ကန်များသို့ ဖြန့်ဖြူးမည့် အစီအစဉ်များ၊ မတ်ပဲ တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်း ဆိပ်ကမ်းသို့ တင်ပို့သွားမည့် အခြေအနေများ၊ စီမံကိန်းမတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့် ကာလ၊ ပို့ကုန်ရငွေ၏ ၅၀ % တန်ဖိုးရှိ ပြည်တွင်းလိုအပ်ချက်ရှိသော အိန္ဒိယ နိုင်ငံထွက်ကုန် များကို ပြန်လည်တင်သွင်းမည့်အခြေအနေများ၊ ကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ ကုမ္ပဏီများ Joint Venture Partnership အဖြစ် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် အိန္ဒိယ-မြန်မာ ကုန်သည်လုပ်ငန်း ရှင်များအသင်း(IMCC)တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကုန်သွယ်ရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သွင်းကုန်နှင့်ပို့ကုန်ရငွေ ပေးချေမှုကို အိန္ဒိယငွေကြေး ရူပီး(INR)ဖြင့် တိုက်ရိုက် ပေးချေခြင်းစနစ်အသုံးပြုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံတော်ပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ပုသိမ်စက်မှုဇုန် တွင် SOYBEAN MEAL & SOYBEAN OIL EXTRACTION AND REFINERY ပဲပုတ်ဆီကြိတ်စက်ရုံ တည်ဆောက်မည့် အစီအစဉ်များ၊ စားသုံးရန်အသင့် ပဲပုပ်ဆီများထုတ်လုပ်ပြီး ပြည်တွင်းတွင် ဖြန့်ဖြူးခြင်းနှင့် ပဲပုတ်ဖတ်များအား တိရစ္ဆာန်အစာအတွက် အသုံးပြုနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အထွေထွေဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့သို့ ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးမြင့်လာမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း စသည့် ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ အဓိကထားတင်ပို့လျက်ရှိပါကြောင်းနှင့် အခြားကုန်စည်များ တင်ပို့နိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်များ တိုးချဲ့တင်ပို့နိုင်ပါက တိုင်းဒေသ ကြီး၏ GDP လည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များကို ကုန်းလမ်းသာမက ရေလမ်းခရီးကို အဓိကထားတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့နိုင်ပါက တောင်သူများနှင့် exporter လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုစရိတ်များ သက်သာမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း၊  ထို့အပြင် တောင်သူများအတွက်လိုအပ်သည့် သွင်းအားစုများအား အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း၊ ပဲပုတ်ဆီကြိတ်စက်ရုံကိုလည်း တည်ထောင်၍ ပဲပုပ်ဆီများ ထုတ်လုပ်ပြီး ပြည်တွင်းတွင် ဖြန့်ဖြူးမည်ဖြစ်၍ စားသုံးဆီဖူလုံရေးနှင့် တိရိစ္ဆာန်အစာထုတ်လုပ်မှု များအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ပြီး ပြည်ပသွင်းကုန်များကို လျော့ချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများကိုလည်း အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)