ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ သင်္ဃန်းကျွန်းခရိုင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ သင်္ဃန်းကျွန်းခရိုင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တက်ရောက်









ရန်ကုန်၊ ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို  ယနေ့နံနက်ပိုင်းကသင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာအလယ်တန်း(လေ့ကျင့်ရေး)ကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချူပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရန်ကင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအက၊ ရှမ်းအိုးစည်အက တို့ဖြင့် ကြိုဆိုကြသည်။

ဦးစွာ သင်္ဃန်းကျွန်းခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်ကို    ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်း နှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကိုကျင်းပရာ က ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ၊ အစိုးရ အဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ကြက်ခြေနီတပ်ဖွဲ့၏ ပညာပေးပြခန်းများ၊ မီးသတ်တပ်ဖွဲ့ပညာပေးပြခန်းများ၊ တိုင်းရင်းဆေးပြခန်း ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပညာပေးပြခန်းများ၊ ယာဥ်ထိန်းရဲ ပညာပေးပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊  စာပေ စကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ် အရောင်းဆိုင်ရာ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ 

ထို့နောက်  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ပညာ နေခြည်ခန်းမ၌ ဆက်လက်ကျင်းပရာ သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းစက်မှု ၊ စိုက်ပျိုး၊ မွေးမြူရေး (သု၀ဏ္ဏ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စာပေဟောပြောမည့် စာရေးဆရာမ ပေါက်ပေါက်အား  ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား  ဂုဏ်ပြုငွေပေးအပ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပွဲတော်လာ ကျောင်းသားလူငယ်များအား စာရေးဆရာမ ပေါက်ပေါက်က "စာဖတ်ခြင်း၏အကျိုး‌ ကျေးဇူး "အကြောင်း ဟောပြောပြီးတောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ  မြန်မာ့ရိုးရာ အဆို၊ အက၊ အ‌‌ရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့် ဒုတိယဆုရ ကျောင်းသားတစ်ဦးက "သဘင်" ပြတိုက် သီချင်းအား တပင်တိုင်မင်းသားအကဖြင့် ဖျော်ဖြေခြင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး (သု၀ဏ္ဏ)ကျောင်းမှ မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေကြီးအဆင့် ဒုတိယဆုရ ကျောင်းသားတစ်ဦးက "မေတ္တာတထ္ထော"သီချင်းဖြင့် ပတ္တလားတီးခတ် ဖျော်ဖြေကာ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း အသီးသီးဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြသည်။ 

ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ နှင့် ဂိမ်းကစားနည်းပြိုင်ပွဲများတွင်  ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး  ပွဲတော်တွင် ပါဝင်ဆင်နွဲသည့် ကျောင်းသား ကျောင်းသူများအား  ကြက်ဆီထမင်းဘူးများ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)