ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်






ဂန့်ဂေါ၊ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့် ကောင်းများစွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ကိုဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ပထမအကြိမ်ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဂန့်ဂေါမြို့ပေါ်ရှိ အ.ထ.က(မြို့မ)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး၊ အ.လ.က(မြောက်ကုန်း)ကျောင်းမှ (၆၀)ဦး၊ အ.လ.က(ပြစ်မ)ကျောင်းမှ (၂၂)ဦး၊ အ.လ.က(ခွဲ)(ကျောတိုက်) ကျောင်းမှ (၆၀)ဦး၊ အ.လ.က(ခွဲ)(စည်ပင်သာယာ)ကျောင်းမှ (၆၃)ဦး၊ အ.မ.က(တပ်တွင်း)ကျောင်းမှ (၄)ဦး၊ အ.မ.က(မြို့မတောင်ပိုင်း)ကျောင်းမှ (၃၉)ဦးနှင့် မြို့နယ်အတွင်းရှိ အ.ထ.က(ကျော)ကျောင်းမှ (၆၃)ဦး၊ အ.ထ.က(ဟံသာဝတီ)ကျောင်းမှ (၃၅)ဦး၊ အ.ထ.က(မြောက်ခင်ရန်း)ကျောင်းမှ (၂၃)ဦး၊ အ.ထ.က(ကန့်သက်) ကျောင်းမှ (၁၈)ဦး၊ အ.လ.က(နုံးကြီး)ကျောင်းမှ (၂၉)ဦး၊ အ.လ.က(ခွဲ)(ကုက္ကား)ကျောင်းမှ (၁၃)ဦး၊ အ.မ.က (ရွှေမြစ်သာ)ကျောင်းမှ (၄)ဦး၊ အ.မ.က(ခွဲ)(ဟံသာဝတီ)ကျောင်းမှ (၇)ဦး၊ စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ(၄၇၅)ဦးကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

မောင်မျိုးမင်း

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)