ဗြိတိန်စစ်သားတွေ ကင်ညာမှာ ပြစ်မှုကျူးလွန်မှုတွေ လုပ်တာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား အငြင်းပွားမှုဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန်စစ်သားတွေ ကင်ညာမှာ ပြစ်မှုကျူးလွန်မှုတွေ လုပ်တာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား အငြင်းပွားမှုဖြစ်


ဇူလိုင်- ၂၇ ( တနင်္လာနေ့ ) 

အာဖရိကအရှေ့ပိုင်းနိုင်ငံဖြစ်တဲ့ ကင်ညာမှာ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ဗြိတိန်စစ်သားတွေကို တရားစွဲဆို အရေးယူခွင့် ကိစ္စနဲ့ပတ်သက်ပြီး နိူင်ငံနှစ်ခုကြား အငြင်းပွားမှုကို မဖြေရှင်းနိုင်ခဲ့တာကြောင့် ဗြိတိန်ဟာ ကင်ညာမှာပြုလုပ်မယ့် အဓိက စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းလိုက်ပါတယ်။

စက်တင်ဘာလမှာ ကင်ညာအလယ်ပိုင်း လေကီပီယာခရိုင်မှာ စတင်ဖို့ စီစဉ်ထားတဲ့ တပ်ရင်း (၁) နဲ့ လန်ကက်စတာမြို့စားတပ်ရင်း တပ်ဖွဲ့တို့ ပါဝင်မယ့် "ဟာရာကာမုန်တိုင်း" စစ်ရေးလေ့ကျင့်မှုကို ကင်ညာ ပြင်ပမှာပဲ ပြောင်းလဲကျင်းပသွားတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့တယ်လို့ ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။ ကင်ညာနိုင်ငံရဲ့ စတန်းဒန့်သတင်းစာကတော့ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အိမ်နီးချင်း တန်ဇန်းနီးယားနိုင်ငံဆို့ ပြောင်းရွှေ့ပြုလုပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

"ဒီနှစ်နှောင်းပိုင်းမှာ လေကီပီယာမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ လိုအပ်တဲ့ ခွင့်ပြုချက် လိုင်စင်တွေ မရရှိခဲ့တာကိုတော့ စိတ်မကောင်းစွာနဲ့ပဲ အသိပေးလိုပါတယ်" လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

မြို့တော် နာရိုဘီရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅) အကွာမှာရှိတဲ့ နာညူးကီး မြို့မှာ BATUK လို့ လူသိများတဲ့ ဗြိတိန်စစ်တပ် လေ့ကျင့်ရေး ထောက်ပံ့ရေးစခန်းတစ်ခုကို အမြဲတမ်း အခြေစိုက်ခွင့် ပေးထားပါတယ်။ ဗြိတိန်စစ်တပ်ဟာ ၁၉၆၃ ခုနှစ် ကင်ညာနိုင်ငံ လွတ်လပ်ရေးရချိန်ကတည်းက နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ အဲ့ဒီမှာ ခြေလျင်တပ် စစ်ရေးလေ့ကျင့်မှုတွေ၊ အင်ဂျင်နီယာနဲ့ ဆေးဘက်ဆိုင်ရာ တပ်ဖြန့်မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ဗြိတိန်စစ်သားတွေ ကျူးလွန်တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ တရားစီရင်ပိုင်ခွင့် ရရှိဖို့ တောင်းဆိုနေကြတာကြောင့် ကင်ညာ လွှတ်တော်အမတ်တွေဟာ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် အသစ် သက်တမ်းတိုးဖို့ကို ဆိုင်းငံ့ထားကြပါတယ်။ ဒါ့အပြင် BATUK စခန်းအတွက် ရန်ပုံငွေထောက်ပံ့မှု ကိစ္စကိုလည်း ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတပ်ဖွဲ့ဟာ လူသတ်မှု၊ မုဒိမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှု အပါအဝင် အပြုအမူ မလျော်ကန်မှုတွေ အတွက် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ နှစ်နှစ်ကြာ ကင်ညာပါလီမန်ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာလည်း ဗြိတိန်စစ်သားတွေကို လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေအပြင် နာညူးကီး  မြို့အနီးက ဒေသခံတွေကို အဓမ္မ နှင်ထုတ်မှုတွေနဲ့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သားတွေ သေဆုံး/ဒဏ်ရာရတာ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အဆိပ်ရှိ စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာနဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘေးမဲ့တောတွေကို ပျက်စီးစေတာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကိုပါ မှတ်တမ်းတင် ဖော်ပြထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)