ကျောက်တံတားခရိုင်အတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံတားခရိုင်အတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ









ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်အတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကျောက်တံတားခရိုင် အတွင်းရှိ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက် လာကြသူများသည် မြို့နယ်အလိုက် သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

အခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းတွင် ကျောက်တံတားခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်ဌာန ဆိုင်ရာဘာသာရပ်များကို ၂၀၂၆-ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)