ကျိုက်ထိုမြို့နယ်တွင် ငှက်ပျောပင်စိုက်ပျိုးပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ငှက်ပျောပင်စိုက်ပျိုးပွဲတော် ကျင်းပ





ကျိုက်ထို၊ ဇူလိုင်  ၂၈

မွန်ပြည်နယ်၊ ကျိူက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား/သူများအာဟာရချို့တဲ့မှုမဖြစ်စေရန်နှင့် ငှက်ပျောသီးစားသုံးခြင်းဖြင့်အာဟာရဖြစ်သလိုခန္ဓာကိုယ်ကြီးထွားခြင်းဖြင့်မုန့်ဖိုးအတွက် ငွေကြေးအကုန်အကျသက်သာစေရန် ငှက်ပျောပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

စုပေါင်းစိုက်ပျိုးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဦးအောင်မြင့်ထွန်း၊အထက(၁)ကျောင်းအုပ်ဆရာမကြီးဒေါ် သူဇာသန်း နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဒေသမျိုး ငှက်ပျောပျိုးပင်ပေါင်း ၂၀၀ အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ငှက်ပျောပင်စု‌ပေါင်းစိုက်ပျိုးခြင်းကို ကျိုက်ထိုမြို့နယ်အတွင်း စိုက်ပျိုးမြေရှိသည့် အခြေခံပညာကျောင်းများ၌ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ပြည့်ဖြိုး

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)