အရှေ့- အာရှ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (အဆင့်-၂) ဆောင်ရွက်နိုင်ရေး ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အရှေ့- အာရှ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (အဆင့်-၂) ဆောင်ရွက်နိုင်ရေး ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (IPRCC) နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း (အဆင့်-၂)” ဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် စီမံကိန်းဆောင်ရွက်ရန် လျာထားသည့် ကျေးရွာနှစ်ရွာတွင် ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် နိုဖထောကျေးရွာနှင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အညာစု ကျေးရွာတို့တွင် ကျေးရွာ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများအတွက် ကျေးရွာ၏ ပကတိ လိုအပ်ချက်များအား ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးဖော်ထုတ်ခြင်း၊ မြေပြင်အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ စီမံကိန်းကျေးရွာမှ ဖော်ထုတ်ရရှိခဲ့သောကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးသပ်ဆွေးနွေးခြင်းတို့ကို ဇူလိုင် ၆ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့သည်။

ထို့နောက် စီမံကိန်း(အဆင့်-၂) ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် “ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း (အဆင့်-၁)” ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်း မြို့နယ် အေးချမ်းသာစံပြကျေးရွာရှိ ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ၌ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ဆောင်ရွက်ခဲ့သည်။

စီမံကိန်း (အဆင့်-၂) ကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုဖထောကျေးရွာနှင့် ဧရာဝတီ တိုင်းဒေသကြီး ဇလွန်မြို့နယ် အညာစုကျေးရွာတို့တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံပူးပေါင်း၍ ကနဦးလေ့လာဆန်းစစ်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကိုယ်စားလှယ်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် နှစ်နိုင်ငံ သဘောတူညီချက်စာလွှာ (Exchange Letter) လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)