အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှု စံချိန်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှု စံချိန်တင်


ဇူလိုင် - ၂၃ ( ကြာသပတေးနေ့ ) 

ဂျွန်ဟောပ်ကင်းတက္ကသိုလ် (JHU) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဒီနှစ် အမေရိကန်တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဝက်သက်ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ၂,၂၉၅ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်းမှာ ဖြစ်ပွားမှု အရေအတွက် အများဆုံး စံချိန်ပါပဲ။

ဝက်သက်ရောဂါဆိုတာ အသက်ရှူလမ်းကြောင်းကနေ အလွန်ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပြီး၊ အမေရိကန်မှာ ကာကွယ်ဆေး အစုလိုက်အပြုံလိုက် အောင်မြင်စွာ ထိုးပေးနိုင်ခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ရောဂါကင်းစင်သွားပြီလို့ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ရောဂါဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် ၈ ဆကျော်တောင် တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် (JHU) ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာတော့ "ဝက်သက်ရောဂါ ကူးစက်ခံရသူ စာရင်းဝင်ထားသူတွေ ထဲမှာ ကာကွယ်ဆေး မထိုးထားသူတွေနဲ့ ကာကွယ်ဆေး ထိုး/မထိုး မသေချာသူတွေက အများစု ဖြစ်နေတယ်" လို့ ဖော်ပြထားပါတယ်။ ဒါအပြင် "ဒီရလဒ်ဟာ ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားရင် ကူးစက်ခံရမှုကနေ ၉၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ အချက်အလက်တွေအရ အမေရိကန်မှာ အခုထက် ကူးစက်မှု အရေအတွက် ပိုများခဲ့တာဆိုလို့ ၁၉၉၁ ခုနှစ်တုန်းက ဖြစ်ပြီး၊ အဲဒီတုန်းက ကူးစက်ခံရသူ ၉,၆၄၃ ယောက်အထိ စံချိန်တင် ရှိခဲ့တာပါ။

JHU ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ တုန်းက တက္ကဆပ်အနောက်ပိုင်းမှာ စတင်ပြီး အိမ်နီးချင်း နယူးမက္ကဆီကိုနဲ့ အခြားပြည်နယ်တွေကို ပျံ့နှံ့သွားခဲ့တဲ့ အဓိက ပြည်နယ်စုံ ကူးစက်မှုကြီး ဖြစ်ပွားခဲ့ပြီးတဲ့နောက်၊ ဒီနှစ်မှာတော့ အကြီးမားဆုံး ရောဂါကူးစက်မှုတွေဟာ ဆောက်သ်ကယ်ရိုလိုင်းနား  နဲ့ ယူးတား  ပြည်နယ်တို့မှာ အဓိက ဗဟိုပြုဖြစ်ပွားနေတာ ဖြစ်ပါတယ်။


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)