ဇူလိုင် - ၂၃
ဒီဆောင်းရာသီ ရိုးရာဓလေ့ လူပျိုဖော်ဝင် အခမ်းအနားတွေအတွင်း လူငယ် ၄၃ ဦး သေဆုံးခဲ့ရပြီးနောက် တောင်အာဖရိက အခွင့်အရေးဆိုင်ရာ ကော်မရှင်ဟာ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ပြုလုပ်လိုက်ပါတယ်။ အရွယ်ရောက်ကြောင်း အမှတ်အသားအဖြစ် အရေဖျားလှီးခြင်း အပါအဝင် အခမ်းအနားဓလေ့တွေကို ဒီရာသီမှာ ပြုလုပ်လေ့ရှိကြတာပါ။
ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားဆိုင်ရာ လူနည်းစုများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ကော်မရှင် (CRL Rights Commission) ရဲ့ ဥက္ကဋ္ဌ သိုကို မခ်ဝါနာဇီ-ဇာလူဗာ က အခုလို သေဆုံးမှုတွေကို ဒီရိုးရာဓလေ့ရဲ့ လက်ခံနိုင်စရာ အစိတ်အပိုင်းတစ်ခုလို သဘောမထားသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒုတိယဥက္ကဋ္ဌ မင်းသား ဂျော့ချ် မာလန်ဂူ နဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူမက အဆိုပါ လူပျိုဖော်ဝင်သင်တန်းကျောင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အကြမ်းဖက်မှုတွေကို စစ်ဆေးဖို့အတွက် ကော်မတီတစ်ရပ်ကို သြဂုတ်လမှာ ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ မှတ်တမ်းများအရ ဒီရာသီအတွင်း ဆေးရုံတက်ရောက်ကုသရသူ ၇၅ ဦး၊ ကယ်ဆယ်နိုင်ခဲ့သူ ၁၈၀၊ ပြန်ပေးဆွဲခံရသူ ၁၂ ဦးနဲ့ ဖမ်းဆီးရမိသူ ၄၀ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
တိုးပွားလာတဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒုတိယဥက္ကဋ္ဌ မင်းသား ဂျော့ချ် မာလန်ဂူ နဲ့အတူ ပါဝင်လာသူ မခ်ဝါနာဇီ-ဇာလူဗာ က လာမယ့်လမှာ စတင်လည်ပတ်တော့မယ့် အပိုင်း (၇) ကော်မတီ ဖွဲ့စည်းမှုကို အကြမ်းဖျင်း ပြောကြားခဲ့ပါတယ်။ မာလန်ဂူရဲ့ အဆိုအရ ဒီကော်မတီဟာ ပြည်နယ်အသီးသီးမှာ သေဆုံးသူ ၆၀၀ ကျော်အထိ သတင်းထုတ်ပြန်ထားတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာကို အသေးစိတ် စစ်ဆေးသွားမှာဖြစ်ပြီး လူပျိုဖော်ဝင် သင်တန်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ အချို့ဒေသတွေမှာ အခြေအနေတွေ ပိုမိုဆိုးရွား ကျဆင်းလာတာကို မီးမောင်းထိုးပြသွားမှာ ဖြစ်ပါတယ်။
"ကျနော်တို့အသုံးစရိတ် အပိုင်း (၇) ကော်မတီ ကို ဩဂုတ်လမှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ကွယ်က ပြင်ဆင်မှုလုပ်ငန်းတွေကိုတော့ စတင်နေပြီဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တောင်းဆိုထားတဲ့ ကော်မရှင်နာတွေလည်း ရှိနေပါပြီ။ အချို့ပြည်နယ်တွေမှာ အခြေအနေတွေ ပိုမိုဆိုးရွား ကျဆင်းလာတာကြောင့် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အပြည့်အဝ သိရှိနားလည်ထားချင်တာပါ" လို့ မာလန်ဂူက ပြောကြားခဲ့ပါတယ်။
မခ်ဝါနာဇီ-ဇာလူဗာကတော့ သမ္မတ စီးရီးလ် ရာမာဖိုဆာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ရိုးရာဓလေ့ လူပျိုဖော်ဝင်ခြင်းဆိုင်ရာ ဥပဒေအမှတ် (၂) (Customary Initiation Act 2 of 2021) ဟာ ဒီဖြစ်စဉ်မှာ အလွန်အရေးပါတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေဟာ သင်တန်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို မဆောင်ရွက်ပေးနိုင်သူတွေကို ထောင်ဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်စေတာ ကြောင့်ဖြစ်ပါတယ်။ သူမက ဥပဒေရဲ့ အရေးပါမှုကို ထပ်လောင်းပြောဆိုရာမှာ - "တစ်ယောက် သေဆုံးတာဟာကိုပဲ အလွန်အမင်း များပြားလွန်းနေပြီဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်မှာ ဘယ်သူ့ကိုမှ ကင်းလွတ်ခွင့် ပေးထားမှာ မဟုတ်ပါဘူး ။ အခုလို သေဆုံးမှုတွေကို လက်ခံနိုင်စရာ ပုံမှန်စံနှုန်းတစ်ခုလို အမြဲတမ်း ဆက်လက်ကြည့်ရှုနေလို့ မရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment