မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့က Naypyitaw State Polytechnic University ၌ ကျင်းပရာ ဦးစွာ Naypyitaw State Polytechnic University ကျောင်းသား ကျောင်းသူများက “Welcome to NSPU” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက AI အသိပညာဆွေးနွေးပွဲမှသည် AI ကို မြင့်သထက်မြင့်အောင် တီထွင်နိုင်စေရန်ဖြစ်ကြောင်း၊ သုံးစွဲသူ ကျင့်ဝတ်နှင့်အညီ လူငယ်အိပ်မက်များကို AI နည်းပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြား၍ Naypyitaw State Poly-technic University ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နည်းပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များ ပါဝင်အကြံပြုတိုင်ပင်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးမည့် စွန့်ဦးတီထွင် လူငယ်ကိုယ်စားလှယ်နှင့် ပါဝင်ဆွေးနွေးမည့် ကျောင်းသား ကျောင်းသူ လေးဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် “AI နှင့် အနာဂတ်လူငယ်” ခေါင်းစဉ်ဖြင့် လူငယ်ကိုယ်စားလှယ်နှင့် ကျောင်းသား ကျောင်းသူလေးဦးတို့က အသိပညာပေးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက AI နှင့်ပတ်သက်သည့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)