မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ



မြောက်ဥက္ကလာပ၊ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား  ကျန်းမာရေး အသိပညာပေးခြင်း နှင့်   သွေးတိုး နှင့် ဆီးချိုရောဂါရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းကို ယမန်နေ့ က သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျန်းမာ ရေး ဌာနခွဲများရှိ ကျန်းမာရေး ၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ရောက်ရှိလာကြသော ဆီးချို ၊ သွေးတိုးရောဂါ ခံစားနေရသော သက်ကြီးဘိုးဘွားများအားကျန်းမာရေး ဗဟုသုတများအား အသိပညာပေး ဟောပြောပေးခြင်း၊ တီဘီရောဂါနှင့် ပတ်သတ်၍ အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက သက်ကြီးဘိုးဘွားများအား အသက်ကြီး ပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ် စစ်ဆေးခြင်း၊ ဆီးချို ၊ သွေးချို ၊ သွေးတိုး ရောဂါစစ်ဆေးခြင်း နှင့် လိုအပ်သည့်ဆေး၀ါးများအား ထောက်ပံ့ပေးအပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)