ဗန်ကောက်၊ ဇူလိုင် ၁၂
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ၁၁၀၀ နာရီတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို နှင့်လည်းကောင်း၊ ၁၃၀၀နာရီတွင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး-၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ဒါတူ ပီကာမာ ဂျာယာ ဟာဂျီ မိုဟာမက် ယူဆွတ် နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလနေရာပြန်လည်ရရှိရေးအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#MNP #News




No comments:
Post a Comment