နတ်မောက်၊ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဥ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာလာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများဖြင့် စည်ကားခဲ့သည်။
(၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းငယ်ဘဝကနေနိုင်ငံ ရေးကြိုးပမ်းလှုပ်ရှားမှုအထိမှတ်တမ်းဓာတ်ပုံတွေကိုပြသထားပြီးကျောင်းသား/သူလူငယ်များအသိပ ညာဗဟုသုတကြွယ်ဝစေရေးအတွက်အာဇာနည်ခေါင်းဆောင်ကြီး( ၉)ဦး၏ဘဝဖြစ်စဥ်အကျဥ်းများကိုလည်းပြသထားပြီး၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်၏မိခင်အသုံးပြုခဲ့သည့် ဆီသိုလှောင်သည့် ဂိုဒေါင်ဟောင်းနှင့်နေအိမ်အောက်ထပ်တွင် စပါးကျီချိုင့်၊ ဗိုလ်ချုပ်အစ်မရက်ခဲ့သည့်မူရင်း ရက်ကန်းစင်၊ ဗိုလ်ချုပ်အောင်ဆန်း၏မှတ်တမ်းဓာတ်ပုံများနှင့် နိုင်ငံရေးလှုပ်ရှားမှုများမှကျဆုံးခဲ့သည့် အချိန်အထိ မှတ်တမ်းဓာတ်ပုံများကိုပြသထားပြီး နေအိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူဆီလီကွန်ရုပ်ထု၊ ဗိုလ်ချုပ်လာစဥ်အိပ်ခန်းနှင့် မူရင်းကြိုးကုတင်၊ ဗိုလ်ချုပ်မိခင်အိပ်ခန်း၊ ဗိုလ်ချုပ်၏မိသားစုအိပ်ခန်း၊ အမျိုးသမီးပြင်ဆင်ခန်း၊ မီးဖိုခန်း၊ နေအိမ်ခြံဝန်းအတွင်း ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကျောက်စာတိုင်နှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဥ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကိုပြသထားသည်။ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို တနင်္လါနေ့နှင့်ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နံနက်၉နာရီခွဲမှ ညနေ၄နာရီခွဲအချိန်အထိ လာရောက်ကြည့်ရှုလေ့လာနိုင်ပြီး ယနေ့တွင်(၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နံနက်၇နာရီမှ ညနေ၅နာရီအထိ အများပြည်သူလေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရပြီး ယနေ့ပြခန်းသို့လာရောက်ကြည့်ရှုလေ့လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် ဗဟုသုတမေးခွန်းများကိုမေးမြန်၍ ဖြေဆိုနိုင်သူများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မကွေးဌာနခွဲမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း
#News #MNP




No comments:
Post a Comment