ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေး





ထန်းတပင်၊ ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှ ဦးဆောင်၍ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၁၉)ရက်နေ့က (၆၀)ကြိမ်မြောက်အဖြစ်(အခမဲ့)ကုသပေးခြင်းကို အဆိုပါကျေးရွာရှိ မဇ္ဈိမပတ္တမြားရတနာမေတ္တာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်လည်း မုဒိတာမေကျန်းမာရေးစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဇ္ဈိမမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ ဆေးဝါးကျွမ်းကျင်သင်တန်းသားများနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အတွင်းရေးမှူး၊ လူငယ်ရေးရာတာဝန်ခံ ဦးရန်လင်းအောင်နှင့် အလုပ်အမှုဆောင်တို့မှ ကျေးရွာနေပြည်သူစုစုပေါင်း ( ၃၀) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ 

လာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်ရေးမှူး  ဦးရန်လင်းအောင် မှ လှူဒါန်းမှုများကို လက်ခံထားရှိပြီး အားဆေးများကို ပြန်လည် ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)