ပခုက္ကူမြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုလှုပ်ရှားမှုများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုလှုပ်ရှားမှုများဆောင်ရွက်








ပခုက္ကူ၊ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူခြင်း၊ ဥဩဆွဲဂုဏ်ပြုခြင်းနှင့် ဂါရဝငြိမ်သက်အလေးပြုခြင်းတို့ဖြင့် ဇူလိုင်လ ၁၉ ရက် နံနက်၁၀နာရီ ၃၇မိနစ်အချိန်က ဂုဏ်ပြုလှုပ်ရှားဆောင်ရွက်ကြသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများစုပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ လွတ်လပ်ရေးကျောက်တိုင်နှင့်ခန်းမနေရာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ဝက်လွှင်ထူခြင်း၊ မြို့ပေါ်ရပ်ကွက်ရှိ မြို့မလမ်းနှင့်မြိုင်လမ်းဆုံ၊ မြို့မလမ်း နှင့်ထင်းတန်းလမ်းဆုံနှင့် လူစည်ကားရာနေရာများ၌ ဥဩဆွဲဂုဏ်ပြုခြင်း၊ မော်တော်ယာဉ်များနှင့်ခရီးသွားပြည်သူများအား ခေတ္တရပ်နားအချက်ပေးဟွန်းတီးစေပြီး ဂါရဝငြိမ်သက်အလေးပြုခြင်းတို့ဖြင့် ဂုဏ်ပြုလှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။ 

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)