နောင်တရား၊ ဇူလိုင် ၂၃
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၅၁၂)ခြေမြန်တပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အငြိမ်းစားစစ်မှုထမ်းဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ရှေ့တန်းမှပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား ပန်းများပေးအပ်ခြင်း၊ ပန်းကုံးစွပ်ကြိုဆိုခြင်း၊ ဂုဏ်ပြုလက်ခုပ်ဩဘာပေးခြင်းတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။
#News



No comments:
Post a Comment