တောင်ကြီး၊ ဇူလိုင် ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ကြက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကြက်ဥများ ဈေးနှုန်းသင့်တင့်မျှတ၍ စားရေရိက္ခာပိုမိုဖူလုံမှုရရှိစေရန်အတွက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ဥစုဆောင်ဖြန့်ဖြူး ရောင်းချသူများအား ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး၊ ကြက်ဥများ ဈေးနှုန်းသင့်သင့် မျှတစွာဖြင် ပိုမိုဖူလုံမှုရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူက ရှမ်းပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေများ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များက အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြောင်းသိရှိရသည်။
ထက်ဝေ
#News

No comments:
Post a Comment