အင်္ဂပူမြို့နယ်၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများအား စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂပူမြို့နယ်၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများအား စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ


အင်္ဂပူ၊ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင်ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့သည်။

စားအုန်းဆီများကို မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးအဖွဲ့လမ်းညွှန်မှုဖြင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ငါးဆယ်သားနှုန်းဖြင့် စားအုန်းဆီပိဿာ (၂၂၀) အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

စားအုန်းဆီများ ရောင်းချနေမှုကို မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အငြိမ်းစားဝန်ထမ်းပင်စင်စားများကို လစဉ်နှစ်ကြိမ် ရောင်းချ‌ပေးမည်ဖြစ်‌ကြောင်း မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးအဖွဲ့ထံမှ သိရသည်။


မန်းကျော်

#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)