အီရန်စစ်ပွဲအတွက် အပိုကြေး တောင်းခံမှုကို ဆီးနိတ်မှာ ဒီမိုကရက်တွေက စစ်ဝန်ကြီးကို ဝိုင်းကျပ်ကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်စစ်ပွဲအတွက် အပိုကြေး တောင်းခံမှုကို ဆီးနိတ်မှာ ဒီမိုကရက်တွေက စစ်ဝန်ကြီးကို ဝိုင်းကျပ်ကြပြီ


ဇူလိုင် - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေအတွက် အိမ်ဖြူတော်က အပိုဘဏ္ဍာငွေ တောင်းခံလိုက်ပြီးနောက် အမေရိကန် စစ်ရေးဝန်ကြီး ပိဒ် ဟက်ဂ်ဆက်သ်  ရဲ့ ဆီးနိတ်လွှတ်တော် ကြားနာပွဲမှာ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီလအစောပိုင်းမှာပဲ အမေရိကန်နဲ့ အီရန်တို့အကြား ပစ်ခတ်မှုတွေ ပုံမှန် ပြန်လည်စတင်ခဲ့ပြီး နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးဟာ ထိရောက်မှုမရှိတော့ဘဲ ပျက်ပြားသွားပြီလို့ ပြောဆိုထားကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အီရန်ဆန့်ကျင်ရေး စစ်ဆင်ရေးဟာ အခုအချိန်ထိ ကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံလောက် ရှိသွားပြီလို့ ဟက်ဂ်ဆက်သ်က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ဆီးနိတ် ဘဏ္ဍာငွေခွဲဝေရေးကော်မတီကို ပြောကြားခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်အတွက် လွှတ်တော်ဆီကနေ ဘဏ္ဍာငွေ ဒေါ်လာ ၈၇ ဘီလီယံ တောင်းခံထားပြီး အဲဒီထဲက ဒေါ်လာ ၆၇ ဘီလီယံကိုတော့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ "ဒီရန်ပုံငွေတွေသာ မရရင် တပ်မတော်သားတွေကို လစာပေးဖို့၊ လက်နက်ကိရိယာနဲ့ ခဲယမ်းမီးကျောက်တွေ ကို လျင်မြန်စွာ အစားထိုးဖြည့်တင်းဖို့နဲ့ အရေးကြီးစစ်ဆင်ရေးတွေကို မပျက်မကွက် ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေမယ့် ကြီးမားတဲ့ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

အကြိတ်အနယ် ငြင်းခုံဆွေးနွေးမှုတွေအတွင်း ဒီမိုကရက်အမတ်တွေက သမ္မတ ထရမ့်ဟာ စစ်ပွဲအတွက် ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို မအောင်မြင်ခဲ့ဘူးလို့ ထောက်ပြကြပြီး စစ်ရေးဝန်ကြီးဟာ ပြည်သူတွေကို လှည့်ဖြားပြောဆိုနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

နယူးယောက်ပြည်နယ် ဆီးနိတ်အမတ် ကာစတင် ဂျီလီဘရန်း က အီရန်ရဲ့ ကျန်ရှိနေတဲ့ ဒုံးကျည်စတော့တွေဟာ "ပြောင်သလောက် မရှိတော့ဘဲ ပျက်စီးသွားပြီ" လို့ ဟက်ဂ်ဆက်သ်က အရင်က အခိုင်အမာ ပြောဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့အပတ်က ဂျော်ဒန်မှာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သည် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ရတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

"အဲဒီလို မရေမရာ စိုးရိမ်ပူပန်မှုတွေကြောင့်လည်း နယူးယောက်မြို့သူမြို့သား တော်တော်များများဟာ ဇဝေဇဝါဖြစ်၊ စိတ်ဖိစီးမှုတွေများပြီး ဒီစစ်ပွဲကို လုံးဝ လက်မခံနိုင်ဖြစ်နေကြတာပါ" လို့ သူမက ပြောခဲ့ပါတယ်။

"အီရန်ရဲ့ ကာကွယ်ရေးဆိုင်ရာ စက်မှုအခြေခံစခန်းတွေဟာ ထိရောက်စွာ ပျက်စီးသွားပြီ ဖြစ်ပေမဲ့ သူတို့မှာ မြေအောက်စက်ရုံတွေတော့ ရှိနေသေးတယ်" လို့ ဟက်ဂ်ဆက်သ်က ပြန်လည်ဖြေကြားခဲ့ပြီး အီရန်ဟာ "လွန်ခဲ့တဲ့ ၄၇ နှစ်လုံးလုံး တောင်တန်းတွေအောက်မှာ ဒုံးကျည်တွေကို ဝှက်ထားဖို့ ကြိုးစားခဲ့တာ" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ် ဆီးနိတ်အမတ် ဂျွန် အော့ဆော့ဖ် ကလည်း လွန်ခဲ့တဲ့ ၄ လကတည်းက ဒုံးကျည် ခြိမ်းခြောက်မှုကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ/မရှိ ဟက်ဂ်ဆက်သ်ကို အလားတူ မေးမြန်းခဲ့ပါတယ်။ "ဒုံးကျည်တိုင်း မရှိတော့ပါဘူးလို့ ဘယ်သူကမှ ပြောမထားပါဘူး" လို့ ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲက ပြန်လည်ဖြေကြားခဲ့ပါတယ်။ "သူတို့ဘက်က ဒုံးကျည်ပစ်ခတ်နိုင်စွမ်း လုံးဝ ပျက်စီးသွားလိမ့်မယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး" လို့ သူက ထည့်သွင်းပြောဆိုခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှု အပိုင်းမှာ အီရန်အနေနဲ့ အမေရိကန်ကို "ယှဉ်ပြိုင်နိုင်စွမ်းမရှိ" ကြောင်း ငြင်းခုံပြောဆိုခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်ကတော့ ဒီစစ်ဆင်ရေးဟာ အလွန်ထိရောက်မှု ရှိတယ်လို့ ကာကွယ်ပြောဆိုခဲ့ပြီး ယခင် အမေရိကန် အစိုးရအဆက်ဆက်နဲ့ မတူဘဲ သမ္မတ ထရမ့်ဟာ တိုင်းပြည်ကို "မိုက်မဲတဲ့ စစ်ပွဲတွေ" ထဲ ဝင်ရောက် ပတ်သက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ "စစ်ရေးအရကြည့်ရင် အီရန်ဟာ အစကတည်းက စက်ပစ္စည်း စွမ်းအားချင်း မယှဉ်နိုင်ဘဲ လုံးဝ ချေမှုန်းခံခဲ့ရတာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)