မြောက်ဥက္ကလာပ၊ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ဥပဒေရေးရာ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယနေ့ နံနက် ၁၀ နာရီ အချိန် (ည)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက ပြည်သူ့စကားဝိုင်း (Public Talk) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်က အင်တာနက်အသုံးပြုပြီး လောင်း ကစား ဆောင်ရွက်နေသည့်များကို ထိရောက်စွာဖော်ထုတ်ဖမ်းဆီးနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုများ နှင့် လူကုန်ကူးမှုဆိုင်ကာ ကိစ္စများ ဟောပြောခြင်း ၊ အမှတ်(၃၅) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးလှိုင်၀င်းအောင်က ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။ထို့ နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်တင်ပိုပိုထွန်းက ပြည်သူများ သိသင့်သိထိုက်သော ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ရင်ဆိုင် တွေ့ကြုံနေရသော ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာများ ၊ အများပြည်သူဆိုင်ရာ နေရာများတွင် ခိုးဝှက်ပြီးလောင်း ကစားမှုဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်နေမှုများအား စနစ်တကျ ဖော်ထုတ်ပေးစေလိုကြောင်း ၊ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး လုပ် ငန်းများ ရပ်ကွက်များအထိ ကွင်းဆင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးစေလိုကြောင်းစသည့်ကိစ္စရပ်များ ကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
#News





No comments:
Post a Comment