အဂတိလိုက်စားမှုတွေ ရှိနေပေမဲ့ IMF က ယူကရိန်းကို ချေးငွေတွေ ချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတွေ ရှိနေပေမဲ့ IMF က ယူကရိန်းကို ချေးငွေတွေ ချပေး



ဇူလိုင် - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေကို ကီးယက်ဗ် (ယူကရိန်း) ဘက်က အချိန်ဇယား အတိုင်း မလုပ်ဆောင်နိုင်တာကို သိရှိထားပေမဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကတော့ ယူကရိန်း အတွက် ချေးငွေ နောက်ထပ်တစ်သုတ်ကို အတည်ပြုပေးလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ IMF အမှုဆောင်ဘုတ်အဖွဲ့ဟာ ယူကရိန်ရဲ့ ၄၈ လကြာ တိုးချဲ့ရန်ပုံငွေ အစီအစဉ် (EFF) ရဲ့ ပထမအကြိမ် သုံးသပ်မှုကို ပြီးစီးခဲ့ပြီး ဒေါ်လာ ၆၉၀ သန်း တန်ဖိုးရှိ ချေးငွေ တစ်သုတ်ကို ထုတ်ပေးဖို့ အတည်ပြုခဲ့တာပါ။ အခုနောက်ဆုံး ထုတ်ပေးလိုက်တဲ့ အကူအညီကြောင့် ဒေါ်လာ ၈.၁ ဘီလီယံတန် ချေးငွေအစီအစဉ်အောက်မှာ IMF ဘက်က စုစုပေါင်း ထုတ်ပေးခဲ့ပြီးသား ပမာဏဟာ ဒေါ်လာ ၂.၂ ဘီလီယံနီးပါး ရှိသွားပြီဖြစ်ကြောင်း IMF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

IMF ရဲ့ ပြောကြားချက်အရ အစီအစဉ်ရဲ့ ဆောင်ရွက်ချက်တွေဟာ "ယေဘုယျအားဖြင့် အားရကျေနပ်ဖွယ် ရှိပါတယ်" လို့ ဆိုပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ရာမှာတော့ နှေးကွေးသွားခဲ့တယ်လို့ ထောက်ပြ ထားပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအမံတွေ အပါအဝင် စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ "အားနည်းချက် (အတ္တောမတ္တ ချွတ်ချော်မှုတွေ)" ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ "စနစ်ပိုင်းဆိုင်ရာ မှတ်ကျောက်အချို့ကို သတ်မှတ်ချိန်ထက် နောက်ကျမှ ပြီးစီးခဲ့တာ ဒါမှမဟုတ် လွဲချော်ခဲ့တာမျိုး တွေ ရှိခဲ့တယ်" လို့ ဆိုထားပြီး အဓိက ပြုပြင်ပြောင်းလဲမှုတွေအတွက် ပြန်လည်ပြင်ဆင်ထားတဲ့ အချိန်ဇယားတွေ ကို သဘောတူညီခဲ့ကြတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ယူကရိန်ကို ချေးငွေထုတ်ပေးရာမှာ IMF ရဲ့ အဓိက စည်းကမ်းချက်တွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာ ရှိနေခဲ့တာပါ။ ဒီချေးငွေအစီအစဉ်အောက်မှာ ကီးယက်ဗ် (ယူကရိန်) ဘက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ဖို့၊ အုပ်ချုပ်ရေးပိုင်း မြှင့်တင်ဖို့နဲ့ စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်သွားဖို့ ကတိပြုထားပြီး ရန်ပုံငွေ ချေးငွေတစ်သုတ်စီကိုလည်း တိုးတက်မှု အခြေအနေတွေအပေါ် မူတည်ပြီး ပုံမှန် ပြန်လည်သုံးသပ် သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)