တာမွေ၊ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကျန်းမာ သန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများအား ပုံမှန်ကျောင်းကျန်းမာရေးစစ်ဆေးပေးခဲ့ကြပြီး ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်တတ်စေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ကဗျာများကို ရွတ်ဆိုသင်ကြားပေးခဲ့ကြသည်။ ထို့နောက် သွားနှင့်ခံတွင်းကျန်းမာရေးအတွက် စနစ်မှန်သွားတိုက်နည်းအား လက်တွေ့ သရုပ်ပြသင်ကြားပေးခြင်း၊ ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ် ရေးအတွက် သန့်လေးသန့်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News




No comments:
Post a Comment