ယူနက်စကို၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးဆိုင်ရာ ထိပ်သီးညီလာခံသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူနက်စကို၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးဆိုင်ရာ ထိပ်သီးညီလာခံသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင် တက်ရောက်




ပါရီ၊ ဇူလိုင် ၁၂

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးဆိုင်ရာ ထိပ်သီးညီလာခံတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကိုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါထိပ်သီးညီလာခံသို့ တောင်အာဖရိကနိုင်ငံ သမ္မတ၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံပေါင်း (၃၇) နိုင်ငံမှ ပညာရေးဝန်ကြီး/ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ထိပ်သီးညီလာခံကို ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Mr. Khaled El-Enany၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Ms.  Amina J. Mohammed နှင့် တောင်အာဖရိက နိုင်ငံသမ္မတ Mr. Cyril Ramophosa တို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့ကြပြီး ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပဋိပက္ခဒေသများရှိ ပညာရေး၊ အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၊ သင်ကြားရေးဆိုင်ရာကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရေး၊ အားလုံးပါဝင်မှုနှင့် ကျား/မတန်းတူညီမျှရှိမှု၊ ကျွမ်းကျင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်သက်တာ သင်ယူမှု စသည့် ခေါင်းစဉ်များဖြင့် Panel Discussion များကို သက်ဆိုင်ရာနိုင်ငံများမှ ပညာရေးဝန်ကြီး/ဒုတိယဝန်ကြီးများမှ ဦးဆောင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ထိပ်သီးညီလာခံသည် ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂက ကျင်းပခဲ့သော ပညာရေးပြုပြင်ပြောင်းလဲခြင်းဆိုင်ရာညီလာခံ (Transforming Education Summit) မှ စတင်ခဲ့သော တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်-၄ အောင်မြင်ရေးအတွက် လုပ်ဆောင်ချက်များကို အရှိန်မြှင့်တင်ရန်နှင့် ၂၀၃၀ ပြည့်နှစ်အလွန်ကာလတို့အတွက် ခေါင်းဆောင်များ၊ ပညာရေးဝန်ကြီးများနှင့် မိတ်ဖက်များကို စုစည်းပေးသည့် ညီလာခံတစ်ခုဖြစ်ပါကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)