ရေတာရှည်၊ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈နာရီခွဲမှစ၍ တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသပေးသည်။
တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်နှင့် နား/နှာခေါင်း/လည်ချောင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ စိတ်ကျန်းမာပညာအထူးကုဆရာဝန်၊ အကြောအဆစ်နှင့်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ သူနာပြုဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်သည်။
အဆိုပါ ဆေးကုသရာသို့ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အသင်းဝင်များက ဆေးကုသပေးနေမှုများကိုကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment