ဂန့်ဂေါ၊ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုး သူများအသင်း(Book Clup)ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် နှလုံးသားယဉ်ကျေးမှု စာစုများစာအုပ်မှ “အပြစ်တင် မစောမိပါ စေနဲ့ ” “ကြိုးဖြတ်လိုက်တဲ့ လေတံခွန်” ရသစာစုများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြ သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Clup)ဥက္ကဋ္ဌ ဦးအောင်စိုးမင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးကြသည့် အခြေခံပညာကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#MNP #News



No comments:
Post a Comment