ဇူလိုင် - ၉ ( ကြာသပတေးနေ့ )
တူရကီမှာလုပ်တဲ့ နေတိုး (NATO) ထိပ်သီးအစည်းအဝေး ဘေးဘက်တွေ့ဆုံမှုမှာ ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးနဲ့ တွေ့ဆုံစဉ်အတွင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ( ဒုံးခွင်းဒုံး)တွေ ထုတ်လုပ်ခွင့်လိုင်စင် ပေးနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်အနေနဲ့ ဒုံးကျည်တွေကို တိုက်ရိုက်တော့ ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ သူက အခိုင်အမာ ပြောခဲ့ပါတယ်။
အခုဆို ငါးနှစ်ထဲကို ရောက်လာပြီဖြစ်တဲ့ ရုရှားနဲ့ ပဋိပက္ခအတွင်းမှာ ယူကရိန်းဟာ သူ့ကိုထောက်ခံတဲ့ အနောက်နိုင်ငံတွေရဲ့ လက်နက်တွေအပေါ် အများကြီး မှီခိုနေရတာပါ။ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်ခုခံဖို့အတွက် ယူကရိန်းမှာ ကြားဖြတ်ဒုံးကျည်တွေ အလုံအလောက်မရှိဘူးလို့ ပြောပြီး ဇလန်းစကီးက ပက်ထရီယော့ဒုံးကျည်တွေအပါအဝင် အကူအညီတွေ ပိုပေးဖို့ အမြဲတမ်း တောင်းဆိုနေသလို၊ လက်နက်ပြတ်လတ်တာနဲ့ လက်နက်ရောက်တာ ကြန့်ကြာတာတွေအတွက်လည်း အနောက်နိုင်ငံတွေကို ခဏခဏ အပြစ်တင်လေ့ရှိပါတယ်။
"ခင်ဗျားတို့ဆီမှာ ပက်ထရီယော့ ဒုံးကျည်တွေ ထုတ်လုပ်နိုင်ဖို့ ကျွန်တော်တို့ လိုင်စင်ပေးမလို့ဗျ၊ ဒါ တော်တော် မိုက်တယ်မဟုတ်လား။ ဒီလိုလုပ်ပေးလိုက်ရင်တော့ ကျနော်တို့က လက်နက်တွေ အလုံအလောက်မပေးဘူးလို့ ခင်ဗျားတို့ လာပြီးအပြစ်တင်လို့ မရတော့ဘူးပေါ့" လို့ ဗုဒ္ဓဟူးနေ့က အန်ကာရာမြို့မှာပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း ထရမ့်က ဇလန်းစကီးကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်က "ဒါက ခုခံရေးလက်နက်မျိုးဖြစ်လို့ တိုက်စစ်ဆင်တဲ့ လက်နက်တွေထက်စာရင် ကျနော် ပိုသဘောကျတယ်" လို့လည်း ဖြည့်စွက်ပြောသွားပါသေးတယ်။
တစ်ဖက်မှာလည်း ထရမ့်က ယူကရိန်းကို ဆက်ပြီးထောက်ခံနေသေးတယ်ဆိုပေမဲ့ ဇီလန်းစကီးကို "ကျေးဇူးမသိတတ်တဲ့သူ" လို့ ခေါ်ပြီး တိုက်ခိုက်ပြောဆိုခဲ့ဖူးသလို၊ ယူကရိန်းအနေနဲ့ ရုရှားကို နယ်မြေတချို့ ပေးလိုက်ရနိုင်တယ်လို့ ပြောခဲ့လို့ ယူကရိန်း က လူတော်တော်များများကို ဒေါသထွက်စေခဲ့ပါတယ်။
ဒါ့အပြင် သူက အရင် ဂျိုးဘိုင်ဒန်အစိုးရတုန်းက ယူကရိန်းကို ဘာအခြေအနေမှမပါဘဲ (စည်းကမ်းချက်မရှိ) ကူညီပေးခဲ့တာတွေကို ဝေဖန်ခဲ့ပြီး၊ ယူကရိန်းအတွက် ဦးစားပေးလိုအပ်ချက်များစာရင်း အစီအစဉ်ကတစ်ဆင့် ယူကရိန်းကို ပို့ပေးမယ့် အမေရိကန်လက်နက်တွေအတွက် ဥရောပ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတွေက ပိုက်ဆံစိုက်ထုတ်ပေးမှ ဖြစ်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment