ဇူလိုင် - ၉ ( ကြာသပတေးနေ့ )
အီရန်ခေါင်းဆောင်ပိုင်းတွေကို "အမှိုက်သရိုက်တွေ" နဲ့ "အကြမ်းဖက်သမားတွေ" လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခေါ်ဝေါ်ပြောဆိုခဲ့ပြီးနောက်၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အရတ်ဂ်ချီ က ကျနော်တို့က မရိုင်းစိုင်းဘူး၊ လုပ်ရင်တော့ပြတ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့လက နှစ်နိုင်ငံကြား ယာယီငြိမ်းချမ်းရေး မူဘောင်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက အခုတစ်ကြိမ်ဟာ အဆိုးရွားဆုံး ပဋိပက္ခဖြစ်ပွားမှုဖြစ်ပြီး၊ အမေရိကန်က အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လာချိန်မှာပဲ ဒီလို အပြန်အလှန် စကားအခြေအတင်ဖြစ်မှု ပေါ်ပေါက်လာတာပါ။
"ယဉ်ကျေးပြီး သတ္တိရှိတဲ့ အီရန်ပြည်သူတွေကို ဒီလို နှိမ့်ချတဲ့စကားလုံးတွေနဲ့ ပြောဆိုတာဟာ အီရန်ရဲ့ ကြီးမြတ်မှုကို သေးသိမ်သွားအောင် လုပ်လို့မရပါဘူး" လို့ ဝန်ကြီး အရတ်ဂ်ချီက ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အိတ်စ် (တွစ်တာ) လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားခဲ့ပါတယ်။
ဒါ့အပြင် သူက "အီရန်လူမျိုးတွေဟာ ယဉ်ကျေးပျူငှာမှု၊ ယဉ်ကျေးမှုနဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရားတွေကြောင့် လူသိများပါတယ်။ ကျွန်တော်တို့က ရိုင်းစိုင်းတဲ့စကားကို ရိုင်းစိုင်းတဲ့စကားနဲ့ ပြန်မတုံ့ပြန်ဘူး၊ လုပ်ရပ်နဲ့ပဲ... ဘာကိုမှ မကြောက်မရွံ့ဘဲ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ တုံ့ပြန်သွားမှာပါ" လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
၎င်းက ထရမ့်ရဲ့နာမည်ကို တိုက်ရိုက်ထုတ်မပြောခဲ့ပေမယ့်၊ သူဟာ အဲဒီနေ့အစောပိုင်းတုန်းက တူရကီမှာလုပ်ခဲ့တဲ့ နေတိုး (NATO) ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ပြောကြားခဲ့တဲ့ စကားတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ အီရန်အစိုးရပိုင် ရုပ်သံလိုင်းဖြစ်တဲ့ Press TV က ဖော်ပြခဲ့ပါတယ်။
"ကျနော် သူတို့နဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူး၊ သူတို့က အမှိုက်သရိုက်တွေပဲ။ သူတို့ကို ဦးဆောင်နေတဲ့ သူတွေက စိတ်မမှန်တဲ့သူတွေ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူစားမျိုးတွေဗျ။ အကယ်၍ သူတို့သာ နျူကလီးယားလက်နက် ရှိခဲ့ရင် သုံးမှာသေချာတယ်။ ကျနော့်အမြင်ပြောရရင်တော့ အားလုံး ပြီးသွားပြီ (အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီ)" လို့ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတီ နဲ့ တွေ့ဆုံစဉ်အတွင်း ထရမ့်က ပြောကြားခဲ့ပြီး၊ အီရန်နဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ "ပြီးဆုံးသွားပြီ" လို့ သူက သတ်မှတ်လိုက်ပါတယ်။
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်ခဲ့မှုအတွက် "လက်တုံ့ပြန်တာ" ဖြစ်တယ်လို့ ထရမ့်က ဆိုကာ၊ အမေရိကန်ဟာ ကြာသပတေးနေ့မှာ အီရန်နိုင်ငံအတွင်းက ပစ်မှတ်တွေကို ဒုတိယမြောက်ညအဖြစ် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment