နတ်တလင်း၊ ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ဒေသကြက်နှင့် CP ကြက်သားများကို ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရောင်းချပေးနေမှုအား ယမန်နေ့က နတ်တလင်းခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်စစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်၍ ဒေသကြက်နှင့် CP ကြက်သားများကို ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေး အတွက် ရောင်းချပေးလျက်ရှိကြောင်းနှင့် ယနေ့ လက်ရှိ ရောင်းချပေးလျက်ရှိသည့် ဈေးနှုန်းများမှာ CP ကြက်သား တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ ဒေသကြက်သား တစ်ပိဿာလျှင် ၂၇၀၀၀ကျပ် ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။
ဝေယံဖြိုး
#News #MNP

No comments:
Post a Comment