အခြောက်တွေရဲ့ အပျော်စီးသင်္ဘောကို ဆိပ်ကမ်းကပ်ခွင့်မပေးကြလို့ လမ်းကြောင်းပြောင်းလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြောက်တွေရဲ့ အပျော်စီးသင်္ဘောကို ဆိပ်ကမ်းကပ်ခွင့်မပေးကြလို့ လမ်းကြောင်းပြောင်းလိုက်ရ


ဇူလိုင် - ၁၁ ( စနေနေ့ ) 

လိင်တူချစ်သူတွေ ဖြစ်တဲ့ ဂန်ဒူး၊ အခြောက်၊ လိင်၂မျိုးကြိုက်၊ လိင်ပြောင်း၊ လိင်ရူး LGBTQ တွေကို တင်ဆောင်ပြီး ပင်လယ် သမုဒ္ဒရာတွေမှာ သွားလာနေတဲ့ အပျော်စီးသင်္ဘောကြီးတစ်စီးဟာ ဒီအပတ်အစောပိုင်းတုန်းက တူရကီနိုင်ငံမှာ ရပ်နားဖို့ စီစဉ်ထားတာတွေကို ပိတ်ပင်ခံခဲ့ရပြီးတဲ့နောက်၊ အခုတစ်ခါ အီဂျစ်နိုင်ငံကပါ ဝင်ရောက်ခွင့် ငြင်းဆန်လိုက်ပြန်ပါတယ်။ ဒါကြောင့် ခရီးစဉ်စီစဉ်သူတွေခမျာ လမ်းကြောင်းကို ဒုတိယအကြိမ်မြောက် ထပ်ပြီး ပြောင်းလဲခဲ့ရတယ်လို့ သင်္ဘောလိုင်းကုမ္ပဏီကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဗာဂျင်ရေကြောင်းကုမ္ပဏီက ပြေးဆွဲပြီး အမေရိကန်အခြေစိုက် LGBTQ အပျော်စီးသင်္ဘောကုမ္ပဏီ အတ္တလန်တစ် အီးဗန့်  က စီစဉ်တဲ့ စကားလက်လေဒီ ဆိုတဲ့ သင်္ဘောကြီးဟာ ခရီးသည် ၂,၀၀၀ နီးပါး တင်ဆောင်လာပြီး ဇူလိုင် ၅ ရက်နေ့ကတည်းက ‘အေသင်ကနေ ဗင်းနစ်’ အထိ ၁၀ ရက်ကြာ ခရီးစဉ်အတွက် ထွက်ခွာလာခဲ့တာပါ။ ဇူလိုင် ၇ ရက်နေ့မှာ ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ အစ္စတန်ဘူလ်မြို့နဲ့ ကူရှာဒါစီ  ဆိပ်ကမ်းမြို့တွေဆီ ဝင်ရောက်ဖို့စီစဉ်ထားတာကို  တူရကီအာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် အလက်ဇန္ဒြီးယားမြို့ကို ခရီးစဉ်ထဲ အစားထိုး ထည့်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

သည်ဂါးဒီယန်း နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေရဲ့ ဖော်ပြချက်အရ - ကြာသပတေးနေ့ မနက်စောစောပိုင်းမှာတင် ခရီးသည်တွေကို အလက်ဇန္ဒြီးယားမြို့ ရပ်နားမယ့်အစီအစဉ်လည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ စီစဉ်သူတွေအနေနဲ့ အစားထိုးရပ်နားဖို့ တခြားဆိပ်ကမ်းတစ်ခုကို ရှာဖွေနေကြတယ်ဆိုတာကို အကြောင်းကြားခဲ့ပါတယ်။ မူလခရီးစဉ်မှာတော့ ကိုင်ရိုမြို့နဲ့ အီဂျစ်ပြတိုက်ဆီ သွားရောက်လည်ပတ်မယ့် အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။ 

ရေကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရှိသူကတော့ အီဂျစ်အာဏာပိုင်တွေဟာ သင်္ဘောဆိုက်ကပ်ခွင့်ပြုချက်ကို နောက်ဆုံးမိနစ်ကျမှ ပြန်ရုပ်သိမ်းသွားခဲ့တာဖြစ်ပြီး၊ ဒီလိုလုပ်ရပ်မျိုးဟာ "တကယ်ကို တစ်ခါမှမကြားဖူးတဲ့ ကိစ္စ" ဖြစ်သလို "ထူးဆန်းပြီး စိတ်မကောင်းစရာပဲ" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းတွေက တဆင့် ကမ်းခြေအပန်းဖြေလည်ပတ်မှု အစီအစဉ်ပေါင်း ၁,၂၀၀ ကျော်လောက်ကိုလည်း ကြိုတင်ဘွတ်ကင်လုပ် (စာရင်းသွင်း) ထားပြီးသားဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အီဂျစ်အာဏာပိုင်တွေဘက်က ဘာကြောင့် ဒီလို ဆုံးဖြတ်ချက်ချလဲဆိုတာကို လူသိရှင်ကြား ထုတ်ဖော်ရှင်းလင်းခြင်း မရှိသေးပါဘူး။ တူရကီနိုင်ငံကတော့ သင်္ဘောသူတို့နိုင်ငံဆီ မရောက်ခင်ကတည်းက ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့တာပါ။ အာဏာပိုင်တွေက - အခုလို ကူရှာဒါစီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာဟာ အဲဒီသင်္ဘောပေါ်ကအဖွဲ့ဟာ "ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံ၊ ပြီးတော့ ကျနော်တို့ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ အပြုအမူတွေကြောင့်  ဖြစ်နေလို့ပါ”လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ ဒီခရီးစဉ်ကြောင့်ပဲ "လူထုကြားထဲမှာလည်း စိုးရိမ်ပူပန်မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ရတယ်" လို့ ဖြည့်စွက်ဖော်ပြထားပါတယ်။

တူရကီရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ အတ္တလန်တစ် အီးဗန့်စ် ရဲ့ ၃၆ နှစ်တာ သမိုင်းတစ်လျှောက်မှာ သူတို့ စင်းလုံးငှားပြေးဆွဲတဲ့ အပျော်စီးသင်္ဘောတစ်စီးကို နိုင်ငံတစ်ခုက ပထမဆုံးအကြိမ် ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာပဲလို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း တူရကီနိုင်ငံဆီကို ဘာပြဿနာမှမရှိဘဲ ခရီးစဉ်ပေါင်း ၁၃ ခုအထိ ပြေးဆွဲခဲ့ဖူးကြောင်းနဲ့ အခုကိစ္စမှာ အမေရိကန်သံရုံးကပါ ဝင်ရောက်ကူညီ ညှိနှိုင်းပေးခဲ့ပေမဲ့ တူရကီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

အဲဒီနောက် စကားလက်လေဒီ သင်္ဘောကြီးဟာ လမ်းကြောင်းပြောင်းပြီး သောကြာနေ့မှာ ရပ်နားဖို့အတွက် ဂရိနိုင်ငံ ခရီတီ ကျွန်းပေါ်က ချာနီယာမြို့ဆီ ဦးတည်မောင်းနှင်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် တနင်္ဂနွေနေ့ကျရင် မွန်တီနီဂရိုးနိုင်ငံဆီ ဆက်ပြီး ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)