သံအမတ်ကြီး ဦးမောင်မောင်စိုး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံ ခန့်အပ်လွှာ(မိတ္တူ)ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံအမတ်ကြီး ဦးမောင်မောင်စိုး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံ ခန့်အပ်လွှာ(မိတ္တူ)ပေးအပ်





မင့်စ်၊ ဇူလိုင် ၁၁

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov ထံ ၁၀-၇-၂၀၂၆ ရက်(သောကြာနေ့)၊ ၁၆:၃၀ နာရီချိန်တွင် သွားရောက်တွေ့ဆုံ၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာ(မိတ္တူ)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ရေးနှင့် မြန်မာနှင့်ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈) တွင်ပါရှိသည့် ကိစ္စရပ်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)