ဒါမျိုး ဂျင်းကိုမှ သတင်းမရေးရင် ပြည်ဖျက်မီဒီယာ ပမီသဘဲ နေလိမ့်မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒါမျိုး ဂျင်းကိုမှ သတင်းမရေးရင် ပြည်ဖျက်မီဒီယာ ပမီသဘဲ နေလိမ့်မယ်













ပြည်ဖျက်မီဒီယာတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ "မင်းတပ်နဲ့ ကန်ပက်လက် တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ရာချီသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ" ဆိုတဲ့ သတင်းကို ပလူပျံအောင် ဖြန့်ဝေနေကြလေရဲ့။ အေးပေါ့လေ - ဒါမျိုး ဂျင်းကိုမှ သတင်းမရေးရင် ပြည်ဖျက်မီဒီယာ ပမီသဘဲ နေလိမ့်မယ်။ ဝေစား မျှစား ဝေစုမရဘဲ ရှိတော့မပေါ့။

ဒါမျိုး ဂျင်းတွေ ကျွေးခဲ့တာလည်း များပါပြီ။ နီပိန်း ပဒက် (PDF) တွေ အသေဆိုးနဲ့ သေနေရလည်း နိုင်နေရသယောင် ဖန်တီးရေးသားပြီး နောက်ထပ် နီပိန်း ပဒက်လေးတွေ စစ်မြေပြင်ကို လွှတ်လို့ရအောင် ဒါမျိုးဂျင်းတွေနဲ့ပဲ သေတွင်းထဲ ပို့ခဲ့တာ မဟုတ်လား။ ဗန်းမော်မှာ KIA, PDF ခွေးပြေး ပြေးပြီး ခွေးသေ ဝက်သေ သေနေရတဲ့အချိန်မှာတောင် ဗန်းမော်မြို့ကို သိမ်းပိုက်ထားပြီလို့ လုပ်သေးတာပဲ။

AA အကြမ်းဖက်အဖွဲ့ အခြေအနေ မဟန်တော့တဲ့အခါကြတော့ ဧရာဝတီတိုင်းထဲက ကာကင်းစခန်း ၄ခုကြီးများတောင် သိမ်းပိုက်နိုင်ပြီတဲ့။ ရခိုင် ငပိန်းတွေနဲ့ ပဒက်တွေကို သေတွင်းထဲ ပို့ဖို့ -

အခုလည်း ချင်းပြည်မှာ တပ်မတော် စစ်ကြောင်းတွေက အောင်မြင်မှုရနေတဲ့အခါကြတော့ ချင်းပဒက်တွေနဲ့ နီပိန်းပဒက်တွေကို သေတွင်းထဲ ပို့ဖို့ အခုလို ဂျင်းထည့်မှ ရမယ်။

ပြည်ဖျက်မီဒီယာများ ကလည်း ဒီအကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ဝေစားမျှစားတွေဆိုတော့ ပလူပျံအောင် ဖြန့်ချိပေးကြရတာပေါ့ဗျာ - သေပျော်ပါစေ။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)