ပေါင်၊ ဇူလိုင် ၂၆
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေ၌ ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူပြု ဆောင်ရွက်ရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများ ကသတိပြုစေရန်၊ ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ ၊ငါး ၊ပုဇွန်၊ဂဏန်းများနှင့် ၎င်းတို့၏ နေရင်းဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင် လည်းကောင်း ၊အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိအကြီးအကဲများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်အနေဖြင့် ဗြူးရွှေဝါ၊ သမဲ့ စသည့် သစ်အမျိုးအစား စုစုပေါင်း (၁၂၁၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တစ်ပျော်တစ်ပါးမိုးရာသီ သစ်ပင်စိုက်ပျိုးနေမှုတို့အား လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၁,၀၀၀) ကျော်နှင့် အလှပ်ကျေးရွာရှိ လူနေအိမ်ခြေ (၁,၀၀၀) ကျော်အား မိုးရာသီကာလတွင် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှု ပြင်းထန်စွာခံစားရခြင်းကြောင့် တာတမံကျိုးပေါက်ခြင်း၊ စိုက်ပျိုးမြေနှင့်လူနေအိမ်ခြေအဆောက်အဦးများ ရေနစ်မြုတ်ခြင်းတို့ကြုံတွေ့ရလေ့ရှိသဖြင့် အလှပ်ရေငန်တားတာတမံ ကြံ့ခိုင်မှုနှင့် ပြန်လည်ပြင်ဆင်အဆင့်မြှင့်တင်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိမ်ခြေများကို ရေငန်ဘေးမှ ရေရှည်စိတ်ချစွာ ကာကွယ်နိုင်ရေးအတွက် ကျောက်စီတမံ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစွာ စနစ်တကျ တည်ဆောက်ရန်၊ ရန်ပုံငွေလျာထားချက်အတိုင်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မွန်မလေး
#MNP #News








No comments:
Post a Comment