အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေး


နေပြည်တော်၊ ဇူလိုင် ၁၇

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောင် (၂) ၌ ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဝေါဟာရများ၊ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပါဝင်သော စာရင်းအမျိုးအစားများ၊ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်၊ ဘတ်ဂျက်စက်ဝန်း (Budget Cycle)၊ မူဝါဒအပေါ်အခြေခံ၍ နှစ်လတ်ဘဏ္ဍာရေးမူဘောင် တည်ဆောက်ခြင်း၊ ဘတ်ဂျက်ရေးဆွဲစိစစ်တင်ပြခြင်း၊ ဥပဒေအတည်ပြုပြဋ္ဌာန်းခြင်း၊ ဘတ်ဂျက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တာဝန်ပိုင်းခြားဖော်ထုတ်ခြင်း၊ ကြီးကြပ်ခြင်း၊ အစီရင်ခံစာတင်ပြခြင်းနှင့် စာရင်းစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးက မြန်မာနိုင်ငံ အခွန်စနစ်ဖွဲ့စည်းမှု၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်ဥပဒေများ၊ အခွန်အမျိုးအစားများနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုများ၊ အကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)