ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ သုံးဦးအား ဂုဏ်ပြု ကြိုဆိုခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ သုံးဦးအား ဂုဏ်ပြု ကြိုဆိုခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ




ကျောက်ပန်းတောင်း၊ ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄)တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်၍ ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ပြန်လည် ရောက်ရှိလာသူ သုံးဦးအား ဇူလိုင် ၁ ရက်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄)တွင် ပြည်သူ့စစ်မှုထမ်းတာဝန် ၂ နှစ် ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူ သုံးဦးတို့အား မြို့နယ်ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ မိဘအုပ်ထိန်းသူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် ဝိုင်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး၊ မြို့နယ်ဥက္ကဋ္ဌက လဘက်ရည်ပွဲနှင့် တည်ခင်းဧည့်ခံ၍ အားပေးစကားများပြောကြားပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။


နေအောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)