ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေး






ဂန့်ဂေါ၊ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပပြင်သို့ရောက်ရှိနေသည့် မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး အဆိုပါစာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်း များကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် လာရောက်၍ကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်လျက်ရှိကြသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် Grade-1 မူလတန်းမှ Grade-8 အလယ်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက် ပေးရာတွင် အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး၊ အ.ထ.က(မြို့မ) ကျောင်းတွင် (၃၁၉)ဦး၊ အ.လ.က(မြောက်ကုန်း)ကျောင်းတွင် (၇၅)ဦး၊ အ.လ.က(ပြစ်မ)ကျောင်းတွင် (၃၄)ဦး၊ အ.လ.က(ခွဲ) (စည်ပင်)ကျောင်းတွင် (၉၂)ဦး၊ အ.လ.က(ခွဲ)(ကျောတိုက်)ကျောင်းတွင် (၁၆၁)ဦး၊ အ.မ.က(မြို့မတောင်ပိုင်း) ကျောင်းတွင် (၃၈)ဦး၊ အ.ထ.က(ကျော)ကျောင်းတွင် (၂၆)ဦးနှင့် အ.လ.က(နုံးကြီး)ကျောင်းတွင် (၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၁၂)ဦးတို့အား ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ကျောင်းအပ်နှံမှုအခြေအနေများအား ဂန့်ဂေါမြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)