ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အယ်လ်ဘာတာပြည်နယ်ဝန်ကြီးချုပ်နှင့် အာဆီယံကော်မတီ(အော်တာဝါ)မှ သံရုံးအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အယ်လ်ဘာတာပြည်နယ်ဝန်ကြီးချုပ်နှင့် အာဆီယံကော်မတီ(အော်တာဝါ)မှ သံရုံးအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်





ကယ်လ်ဂရီ၊ ဇူလိုင် ၁၅

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အယ်လ်ဘာတာပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ ကယ်လ်ဂရီမြို့၌ ကျင်းပပြုလုပ်သည့် Calgary Stampede သံတမန်ရေးရာအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အယ်လ်ဘာတာပြည်နယ်ဝန်ကြီးချုပ် The Honourable Danielle Smith နှင့် အာဆီယံကော်မတီ(အော်တာဝါ)မှ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အယ်လ်ဘာတာပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်ကဏ္ဍ၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများအပြင် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံနှင့် အယ်လ်ဘာတာပြည်နယ်တို့အကြား စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု၊ သဘာဝအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အတွေ့အကြုံနှင့် နည်းပညာဖလှယ်မှုများမှတစ်ဆင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့် အလားအလာများကို အလေးထား ဆွေးနွေးခဲ့သည်။ ထို့ပြင် သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့်အပြင် အာဆီယံဒေသအတွင်း မဟာဗျူဟာမြောက်တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံနှင့် အယ်လ်ဘာတာပြည်နယ်အကြား စီးပွားရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အမြင်ချင်းဖလှယ်ရန်နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများရှာဖွေရန် အရေးပါသော အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။ ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတွင် ကနေဒါ၏ အဓိကကျသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ အာလူးထွက်ကုန်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းရောင်းချခြင်းနှင့် ပြည်ပဈေးကွက်သို့ တင်ပို့မှုတွင်လည်း ထင်ရှားသော စိုက်ပျိုးရေးပြည်နယ်တစ်ခု ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)