ပခုက္ကူခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေကန်(၃၀၂)လုံးဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေကန်(၃၀၂)လုံးဆောင်ရွက်ပေး



ပခုက္ကူ ၊ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘာဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေး ရေကန် ပေါင်း(၃၀၂)လုံးအား ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ဘာဏ္ဍာရေးနှစ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ပခုက္ကုမြို့နယ် ကံလှကျေးရွာနှင့် ဆိပ်ဖြူမြို့နယ် ကိုးထောင့် ကျေးရွာတို့တွင် ဂါလန်-၅၀၀၀ဆံ့ရေကန်(၂)လုံး၊ စုစုပေါင်းရေကန် (၃၀၂)လုံးအား ၂၀၂၆ခုနှစ်၊မေလ၁၆ရက်မှ ဇွန်လ၃၀ရက်ထိ ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ကျေးရွာနေပြည်သူများထံ လုပ်ငန်းများလွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၁၉၉၇-၁၉၉၈ ဘဏ္ဍာရေးနှစ်မှယနေ့အထိ ခရိုင်အတွင်း ရေကန်ငယ်တူးဖော်ခြင်း(၂၁၁)ကန် ၊ တိမ်ကောရေကန်တူးဖော်ခြင်း(၂) ကန်၊ ဂါလန်(၅၀၀၀)ဆံ့ မိုးရေစုကန်(၁၃)လုံး၊ ဂါလန်(၂၀၀)ဆံ့ မိုးရေခံကွန်ကရစ်ကန်(၄၀၀)လုံး၊ ဂါလန်(၁၀၀)ဆံ့ မိုးရေခံကွန် ကရစ်ကန် (၁၅၀)လုံး၊ မြေအောက်ရေအဝီစိတွင်းတူးဖော်ခြင်း(၁၅)တွင်းနှင့် ကျောက်စီနှုံးထိန်းတမံငယ်(၃၂၃)ခုတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အုန်းထံက သိရ သည်။

ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)