ဝါစိုက်ပျိုးရေးမှ အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းစေရေး နိုင်ငံတော်သမ္မတ လမ်းညွှန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါစိုက်ပျိုးရေးမှ အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းစေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြိုတွင် ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့ ” ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား၌  ဝါစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝါစိုက်ပျိုးရေးမှ ချည်မျှင်၊ အထည်အလိပ်နှင့် အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းလာစေရေး အောက်ဖော်ပြအချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည် -


၁။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ အရေးကြီးသဖြင့် ဝါစိုက်ပျိုးရေးကို အလေးထားမြှင့်တင်ရန်။

၂။ ဝါစိုက်ဧက တည်ငြိမ်ရေးနှင့် မျိုးကောင်းမျိုးသန့် ဝါများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်။

၃။ “ချည်ကောင်းမှ အထည်ကောင်းမည်” ဖြစ်သဖြင့် အရည်အသွေးမြင့် ပြည်တွင်းဝါမျိုးများ ဖွံဖြိုးရေးကို အလေးထားရန်။

၄။ ပြည်ပမှတင်သွင်းနေရသည့် ချည်မျှင်များကို ပြည်တွင်းထုတ် “ချည်မျှင်ရွှေဝါ” များဖြင့် အစားထိုးနိုင်ရေး ကြိုးပမ်းရန်။

၅။ ဝါစိုက်ဒေသများတွင် ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက်ပြီး ပြည်တွင်းဈေးကွက်နှင့် အလုပ်အကိုင်များ ဖန်တီးရန်။

၆။ ဝါစိုက်တောင်သူများကို မျိုးစေ့၊ သွင်းအားစု၊ နည်းပညာနှင့် ဈေးကွက်တို့ဖြင့် ထိရောက်စွာ ပံ့ပိုးရန်။

၇။ တစ်ဦးချင်းထက် သမဝါယမနှင့် အစုအဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်။

၈။ ဝါမှ ချည်မျှင်၊ ပိတ်အထည်နှင့် အသင့်ချုပ်အထည်အထိ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်ပတင်ပိုနိုင်ရေး ရည်မှန်းဆောင်ရွက်ရန်။

၉။ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာသင်တန်းများ စနစ်တကျဖွင့်လှစ်ရန်။

၁၀။ ဝါကဏ္ဍဖွံဖြိုးရေးကို လိုအပ်ချက်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားရန်။

ထို့နောက် ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုစဉ် ထုတ်ကုန်တံဆိပ်တပ်ဆင်ပုံမှအစ ထုတ်ကုန်အရည်အသွေး၊ ထုပ်ပိုးမှုပုံစံနှင့် စံချိန်စံညွှန်းများ မြှင့်တင်ရေးအထိ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။

တောင်သူနှင့် လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် -

၁။ အဆင့်မြင့်ချည်မျှင်စက်ရုံများ၊ စက်ကိရိယာနှင့် နည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ပေးလိုကြောင်း။

၂။ စက်ရုံများ လည်ပတ်နိုင်ရေး လျှပ်စစ်မီးနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ပံ့ပိုးပေးစေလိုကြောင်း။

၃။ ဝါစိုက်တောင်သူများအတွက် ခိုင်မာသည့် ဈေးကွက်တစ်ရပ် တည်ဆောက်ပေးစေလိုကြောင်း။

၄။ ရက်ကန်းလုပ်သားများအတွက် မွမ်းမံသင်တန်းနှင့် နည်းပညာမြှင့်တင်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)