ယူကရိန်း ခေါက်ဆွဲခြောက်တွေကြောင့် လူ ၁၀၀ ကျော် ဆယ်လ်မိုနဲလားပိုး ကူးစက်ခံလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း ခေါက်ဆွဲခြောက်တွေကြောင့် လူ ၁၀၀ ကျော် ဆယ်လ်မိုနဲလားပိုး ကူးစက်ခံလိုက်ရ


ဇူလိုင် - ၃ ( သောကြာနေ့ ) 

ဥရောပ ကျန်းမာရေး အာဏာပိုင်တွေ ပြောပြချက်အရ ယူကရိန်းနိုင်ငံထုတ် အသင့်စား ခေါက်ဆွဲခြောက်တွေ ကြောင့် ဥရောပတစ်ခွင်မှာ လူပေါင်း ၁၀၀ ကျော် ဆယ်လ်မိုနဲလား  ဘက်တီးရီးယား ကူးစက်ခံရပြီး နေမကောင်းဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလကနေ အခု ၂၀၂၆ ဇွန်လအထိဆိုရင် ယူကေ (UK) အပါအဝင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၁၃ နိုင်ငံမှာ ကူးစက်ခံရသူ အနည်းဆုံး ၁၀၆ ယောက် ရှိနေပြီဖြစ်ကြောင်း ဥရောပ အစားအသောက် ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့ (EFSA) နဲ့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (ECDC) တို့က ဗုဒ္ဓဟူးနေ့မှာ ပူးတွဲ ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။

အခုပိုးကူးစက်ခံရသူတွေထဲမှာ အများစုက ကလေးသူငယ်တွေနဲ့ လူငယ်ပိုင်းတွေ ဖြစ်ကြပြီး အနည်းဆုံး လူပေါင်း ၄၉ ယောက်ကတော့ ဆေးရုံတက် ကုသမှုခံယူခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အခုညစ်ညမ်းနေတဲ့ ခေါက်ဆွဲခြောက်တွေကြောင့် သေဆုံးရသူတစ်ဦးမှ မရှိသေးကြောင်း အတည်ပြုထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ကူးစက်ခံရမှု အများစုဟာ အမည်မဖော်ပြထားတဲ့ ယူကရိန်းနိုင်ငံထုတ် အရသာမှုန့်ပါ အသင့်စားခေါက်ဆွဲခြောက်တွေကြောင့်ဖြစ်ပြီး အဲဒီခေါက်ဆွဲခြောက် အုပ်စု တော်တော်များများမှာပါ ပိုးတွေ့ရှိရလို့ စက်ရုံတွင်း ထုတ်လုပ်မှုအဆင့်ဆင့်မှာ ပိုးမွှားညစ်ညမ်းနိုင်ခြေ အရင်းအမြစ်တွေ အများကြီးရှိနေနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်အဖွဲ့တွေက သုံးသပ်ထားကြပါတယ်။

"အခုတစ်ခါ နိုင်ငံအတော်များများမှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ပိုးကူးစက်မှုဟာ အရသာမှုန့်ပါတဲ့ ခေါက်ဆွဲခြောက်တွေကြောင့် ဖြစ်ဖို့ အများဆုံးပဲလို့ ယူဆရပြီး၊ ကူးစက်ခံရတဲ့ အမှုတွဲတွေအားလုံးက တံဆိပ်တစ်ခုတည်းက ထွက်တဲ့ ခေါက်ဆွဲတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတွေလည်း တွေ့ထားရပါတယ်" လို့ EFSA နဲ့ ECDC ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နောက်ပြီး "စုံစမ်းစစ်ဆေးမှုတွေအရ နိုင်ငံအတော်များများကို တင်ပို့ဖြန့်ချိခဲ့တဲ့ အဲဒီခေါက်ဆွဲခြောက်တွေဟာ ယူကရိန်းနိုင်ငံက ထုတ်လုပ်သူ တစ်ဦးတည်းဆီက ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုသေးပေမဲ့၊ စက်ရုံတွင်း ထုတ်လုပ်မှုအဆင့်မှာတင် ပိုးမွှားညစ်ညမ်းမှု ဖြစ်စေတဲ့ ပင်မအရင်းအမြစ်တစ်ခု ရှိနေနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်" လို့လည်း ဆိုပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)