နေပြည်တော်၊ ဇူလိုင် ၂၂
တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု ဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း နိုင်ငံတော်အစိုးရအစိုးရ၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း အင်တိုက် အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လမ်းကြောင်း တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေး-တမူး တစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ရေးအတွက် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲကာ ဇွန်လ ၇ ရက်မှစ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်း သည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတဝိုက်အား ဇွန်လ ၁၀ ရက်တွင် လည်းကောင်း၊ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူး လမ်းကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများ အဆင့်ဆင့် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့အား လည်းကောင်း၊ ဇွန်လ ၃၀ ရက်တွင် ခါမ်းပါတ်မြို့ မြောက်ဘက်ရှိ ကနန်ကျေးရွာအားလည်းကောင်း ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် ကလေး တမူး ဆက်သွယ်ရေးလမ်း ကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ကို နေ့မအား ညမနား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ခါမ်းပါတ်မြို့ဘက်မှ ချီတက်လာ သော တပ်မတော်စစ်ကြောင်းသည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြု နေထိုင်သည့် ကမ္မကြီး(ချင်း)ကျေးရွာအား ဇူလိုင် ၁၉ ရက်တွင် လည်းကောင်း၊ ကမ္မကြီး (ဗမာ)ကျေးရွာအား ဇူလိုင် ၂၁ ရက်တွင် လည်းကောင်း အသီးသီးထပ်မံသိမ်းပိုက် ရရှိခဲ့ သည်။ ထိုသို့တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များသိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများနှင့် ၎င်းဒေသ တစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကျေးရွာရှိပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင် အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ နေအိမ် နှင့် ဈေးဆိုင်များအတွင်းမှ အသုံးအဆောင် ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများအား အတင်းအဓမ္မ ယူဆောင်အသုံးပြုခြင်း၊ နေအိမ်များ အတွင်း ပစ်ကျင်းများ၊ ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများပြုလုပ် ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ အများပြည်သူ သွားလာအသုံးပြု လျက်ရှိသည့် လမ်းများတွင် ဂိတ်စခန်းများတည်ဆောက်၍ အနိုင်ကျင့်ဗိုလ်ကျ ဆက်ကြေး ကောက်ခြင်း၊ ကျေးရွာအတွင်းလမ်းမများပေါ်တွင် မိုင်းထောင်ထားခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြု အရေးပါ သည့် ကလေး တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည် ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍လိုအပ် သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News




No comments:
Post a Comment