မြန်မာတစ်နိုင်ငံလုံး (ဝိပ္ပံဘာသာတွဲ)ပထမဆုရ ကျောင်းသူ မနီနီကျော် အား KBZ Foundation မှ ငွေကျပ် သိန်း (၁,၀၀၀) ပံ့ပိုးကူညီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာတစ်နိုင်ငံလုံး (ဝိပ္ပံဘာသာတွဲ)ပထမဆုရ ကျောင်းသူ မနီနီကျော် အား KBZ Foundation မှ ငွေကျပ် သိန်း (၁,၀၀၀) ပံ့ပိုးကူညီ


ရန်ကုန်၊ ဇူလိုင် ၂

၂၀၂၆ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဝိပ္ပံဘာသာတွဲ) တွင် မြန်မာတစ်နိုင်ငံလုံး ပထမနေရာမှ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ မနီနီကျော်၏ ပညာရေးခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် KBZ Foundation မှ ငွေကျပ် သိန်း (၁,၀၀၀) ကို ပံ့ပိုးကူညီခဲ့ကြောင်း ယနေ့ (၂-၇-၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မနီနီကျော်သည် စိန်ခေါ်မှုများကြားမှ မဆုတ်မနစ်ကြိုးစားကာ ထူးချွန်စွာ အောင်မြင်မှုရရှိခဲ့သူ တစ်ဦးဖြစ်ပြီး၊ ၎င်း၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့သည် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အားကျအတုယူဖွယ် စံနမူနာတစ်ရပ်ဖြစ်သည်ဟု KBZ Foundation မှ ယုံကြည်ပါကြောင်း၊ KBZ Foundation အနေဖြင့် ပညာရေးသည် ဘဝများကို ပြောင်းလဲပေးနိုင်သည့် အရေးပါသော အင်အားတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ထားပြီး၊ အခက်အခဲများကြားမှ ပညာကို ကြိုးစားသင်ယူခဲ့သည့် မနီနီကျော်၏ ပညာရေးနှင့် ဘဝခရီးလမ်းတစ်လျှောက် ယခုထက်ပိုမိုသော အောင်မြင်မှုများ ဆက်လက်ရရှိပြီး နိုင်ငံနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သူတစ်ဦး ဖြစ်လာပါစေကြောင်း KBZ Foundation မှ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် မနီနီကျောင်အား ပံ့ပိုးကူညီပေးမှုအခြေအနေအား အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)