ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များနှင့်မိသားစု၀င်များအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များနှင့်မိသားစု၀င်များအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေး






ပုဇွန်တောင်၊ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သည် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များနှင့်မိသားစု၀င်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer LP.8.1 ကို ယနေ့နေ့လယ် ၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ထိုးနှံ ပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာ၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်း  ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မီးသတ်တပ်ဖွဲ့၀င်များနှင့် ၎င်းတို့၏ မိသားစု ၀င်များအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက် အလက်ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး Pfizer LP.8.1  ကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)