ရေစကြို PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ပခုက္ကူမြို့နယ်က မဟာဓာတ်အားလိုင်းကို ပြန်လည် ပြင်ဆင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြို PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ပခုက္ကူမြို့နယ်က မဟာဓာတ်အားလိုင်းကို ပြန်လည် ပြင်ဆင်လျက်ရှိ




ပခုက္ကူ၊ ဇူလိုင် ၂၁

ရေစကြို PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ရွာအနီးရှိ ၁၃၂ ကေဗွီဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈)ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏  ညွှန်ကြားချက်၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲဝင်များ၏ လုံခြုံရေးအကူအညီရယူပြီး အုန်းတောမဟာ ဓာတ်အားလိုင်းရုံးအဖွဲ့ နှင့် လျှပ်စစ်ဝန်ထမ်းများမှ ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ဇူလိုင်လ (၁၉)ရက် ည (၇)နာရီခွဲခန့်က ပေါင်လောင်ကန်ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား ရေစကြို PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြိုများသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ မကွေးတိုင်းအတွင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေး ကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှုကိုပါ ထိခိုက်ခဲ့တာကြောင့် မကွေးတိုင်းအတွင်းရှိ အခြားမြို့၊ ရွာများတွင်ပါ ဗိုအားကျဆင်းခြင်း၊ ရံဖန်ရံခါ ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈)ကို မိုင်းခွဲဖျက်ဆီးခဲ့သည့် ရေစကြို PDF အကြမ်းဖက်စခန်းကိုလည်း ၂၀-၇-၂၀၂၆ ရက်နေ့က လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)